Unicode
"သူနဲ့က entertainment တူနေတာကြောင့်ပါ ကျနော့်ကိုနားလည်ပေးမယ်မဟုတ်လား"
ခပ်တိုးတိုးပြောနေတဲ့ရိပေါ်က ထိရှလွယ်တဲ့အဖိုးတန်ပစ္စည်းလေးတစ်ခုကိုကိုင်ထားသလိုမျိုး တယုတယနဲ့မြတ်နိုးဟန်ပေါက်နေတယ်။
"......"
"ဟင်အချစ်?"
တစ်ဖက်ကအသံတိတ်နေတာကြောင့်ရိပေါ် အပြုံးတွေတစ်ဝက်တစ်ပျက်ဖြစ်သွားရတယ်။
"အချစ် နားထောင်နေရဲ့လား"
"အင်း"
"ဖုန်းမပြောချင်တော့ဘူးလားဟင် ဒါဆိုချလိုက်တော့မယ်နော်"
"...."
"အနမ်းမပေးတော့ဘူးလား"
အသက်ရှူသံတိုးသဲ့သဲ့ကိုကြားနေရတာကြောင့် လိုင်းကျသွားတာမဟုတ်မှန်းသိရတယ်။
"စိတ်မဆိုးပါနဲ့ ကောရယ် ကျနော်ပြေးလာချင်စိတ်တွေထိန်းမရလို့ပါ"
ဘာမှပြန်မပြောတော့တာကြောင့်သက်ပြင်းတစ်ချက်ခိုးရှိုက်ရင်းဖုန်းချလိုက်တယ်။ လွမ်းနေတဲ့ချစ်သူကို လွမ်းနေရက်နဲ့ပြေးတွေ့မရတာဟာအဆိုးဆုံးခံစားချက်တစ်ခုပါပဲ။
______________
ဆံပင်တွေကိုခပ်ကြမ်းကြမ်းခါထုတ်ပစ်ပြီး practice room ကြမ်းပြင်ပေါ်ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်တယ်။ အမှားတွေဆက်တိုက်လုပ်နေမိတာမို့သူနဲ့အတူ အစကနေပြန်လိုက် က ပေးနေရတဲ့အဖွဲ့သားတွေကိုအားနာလာတယ်။
"ရိပေါ် စိတ်ရှုပ်စရာတစ်ခုခုရှိနေလို့လား"
အဖွဲ့ထဲမှာသူနဲ့အခင်ဆုံး Loco က ချွေးသံတရွှဲရွှဲနဲ့ ပခုံးကိုဖက်ပြီးမေးလာတော့ပြုံးရုံပြုံးပြလိုက်တယ်။
ကော စိတ်ဆိုးသွားလို့ စိတ်နဲ့လူနဲ့မကပ်တာပါလို့ပြောလို့မှမရပဲ။
"ဆောရီး ငါခဏနားချင်လို့ ရမလား"
"အိုခေ "
Practice ခဏနားမယ်ဟေ့ လို့အော်လိုက်တော့ အဖွဲ့သားတွေအကုန်ကြမ်းပြင်ပေါ်ခြေပစ်လက်ပစ်လှဲချပြီးအမောဖြေနေကြတယ်။ ထုတ်မပြောကြပေမယ့် ရိပေါ်ကြောင့် ခဏခဏပြန်ကနေရတာမို့ အတော်မောနေကြပြီ။ ရိပေါ်ကတော့ ဖုန်း screen မှာပေါ်နေတဲ့ "အချစ်" ဆိုတဲ့စာတန်းလေးမြင်တာနဲ့ studio အခန်းပြင်ထွက်ခဲ့လိုက်တယ်။