Unicode
ရှောင်းကျန့် ရှေ့က ရေနွေးပူပူ ကိုတစ်ငုံယူသောက်ပြီး ခုချိန်ထိ မတုန်မလှုပ်ထိုင်နေတဲ့ ရှေ့ကကောင်လေးကိုကြည့်လိုက်ပြန်တယ်။
ဆံပင်ဖွာဖွာတွေကနောက်ဘက်မှာကြွက်မြီးတွေလိုကျနေပြီး ထိပ်ဘက်မှာကျနေတဲ့ဆံပင်သုံးလေးမွှေးလောက်ပဲကွက်စိမ်းနေတယ်။ မျက်နှာက သေးသေးလေး မေးချွန်တယ် ။ အသားကဖွေးဆွတ်နေပြီး တော်တော်ချောတယ်။ ဝတ်ထားတာကတော့အစုတ်တွေ ဘောင်းဘီဆိုလည်းစုတ်ပြဲပြီး အင်္ကျီကလည်း အစပေါင်းစုံစပ်ချုပ်ထားသလိုဟိုတကွက်ဒီတကွက်နဲ့။
အံ့ဩစရာအနှီကောင်လေးဟာ တစ်နာရီလောက်မျက်နှာပေးကိုမပြောင်းပဲထိုင်နေနိုင်တယ်။ ဘယ်လိုပြောရမလဲ သူ့လုပ်စာကိုရှောင်းကျန့်က စားပြီး သူ့ရည်းစားကိုလုသလိုမျက်နှာပေးလေ။
"အဲ့တော့ မင်းက.."
"အချိန်ခရီးသွား "
အဟွတ် ။ ရှောင်းကျန့်ရဲ့အမေးကို စိတ်မရှည်သလိုဖြတ်ပြောတဲ့ကောင်လေးကိုရှောင်းကျန့်နည်းနည်းတော့လန့်သွားတယ်။ ဒါပေမယ့်သူ အခါ၂၀လောက်မေးနေမိတာအပြစ်မှမဟုတ်ပဲ အချိန်ခရီးသွား ဆိုတာကြီးက နည်းနည်း .. ဆီလျော်မှုမရှိဘူးမို့လား။
"မေးစရာရှိတာနောက်မှဆက်မေးတော့ဗျာ ကျနော်ပင်ပန်းလို့ နားချင်နေပြီ"
"အော် အေး"
ရှောင်းကျန့်ကျသင့်ငွေ မြန်မြန်ရှင်းပြီး ထိုင်ရာမှ ထလိုက်ရတယ်။ စူပုပ်နေတဲ့ကောင်လေးက ဘာ ဖလုတ်ဆိုလား ကော်ဖီဆိုလား သောက်စရာ ကို မှာတာ မရလို့စိတ်ဆိုးနေပါသတဲ့ အံ့ရော။
"ခင်ဗျားမှာကားမရှိဘူးလား"
သောက်ကောင်လေးဟာ စကားပြောရင်လူကိုမကြည့်ပဲပြောတတ်တယ် မတူမတန်သလိုနဲ့လေ။
"ကားက လူချမ်းသာတွေပဲစီးနိုင်တာ မရှိဘူး"
ကောင်လေးက စကားမဆက်တော့ပဲ လမ်းပေါ်က တစ်စီးတစ်လေဖြတ်ဖြတ်သွားတဲ့ ကားတွေကို အထူးအဆန်းလို လိုက်ကြည့်နေတယ်။ သနားပါတယ် ကားစီးချင်နေရှာတာ။ ရှောင်းကျန့်သနားသွားပေမယ့် မတတ်နိုင်ဘူး သူရတဲ့ပိုက်ဆံနဲ့ ကားဝယ်ဖို့ဆိုတာကတော်တော်ဝေးတာ။ သူတို့မြို့လေးမှာဆို မြို့မျက်နှာဖုံးမိသားစု နဲ့ အရေးပိုင်တွေလောက်ပဲစီးနိုင်တာလေ ဆေးဆရာလေး ရှောင်းကျန့်ကဘယ်ကားစီးနိုင်မလဲ။