"My fiance"
(Part-1)
ဒေါက်~ဒေါက်~ဒေါက်
"သားငယ်ဝမ်ဝမ်ထတော့လေသား""ထချင်သေးဘူး... မားကလဲနောက်ပတ်ဆိုကျောင်းဖွင့်ပြီအဲ့ကျမအိပ်ရတော့ဘူးမားရဲ့"
စောင်ပုံထဲကဝမ်ဂွမ်းလုံးကထမဲ့ပုံမပေါ်ဘူးမနှိုးလို့ကလဲမရဘူးကျောင်းအပ်သွားရမှာ"သားငယ်မထလို့မရဘူးလေဒီနေ့ကျောင်းအပ်သွားရမှာမလား"
"......"
"မထဘူးဆိုမားမင်းပါးကိုဘဲလာနှိုးခိုင်းလိုက်မယ်"
"အား.. မားထပြီထပြီလို့အခုထပြီပါးကိုသွားမခေါ်နဲ့နော်"
အိပ်ယာပေါ်မှာလိမ့်နေတုန်းမားကပါးသွားခေါ်မယ်ဆိုလို့ဆက်ခနဲထလိုက်တာတိတိခမျာစောင်နှင့်လုံးထွေးပြီးကုတင်ပေါ်ကပြုတ်ကျပါလေရဲ့။
"ဖုန်းးးအာ့"
" သားငယ်ဘာဖစ်တာလဲ"
"ဘာမှမဖစ်ဘူးမားသားခနနေဆင်းလာခဲ့မယ်နော်
"ပါးကိုမားပြောထားပေးရေချိုးနေပြီလို့"
စန်းရန်တို့မနိုင်ဘူးဆိုတဲ့အပြုံးနဲ့ခေါင်းခါပြီလေ။သားငယ်ကသူ့ပါးဆိုသိပ်ကြောက်တာစည်းစနစ်ကြီးပြီးချုပ်ချယ်တဲ့ပုံစံမဟုတ်ပင်မဲ့သူ့သားငယ်မွှေလာသမျှကိုလိုက်ရှင်းပြီးရင်သူ့ဘဲဒေါသတွေထွက်ပြီးမုန့်ဖိုးဖြတ်ရင်ဖြတ်မဖြတ်ရင်ကြက်မွှေးစာမိတော့တာဘဲတစ်ဦးတည်းသောသားမို့အလိုလိုက်ထားတော့ဆိုးနေတာမဆန်းပါဘူး။
"ရန်ရန်မင်းသားမလာသေးပါလား"
"ဟိုမှာလာပါပြီ"
"ဟီးးပါး"
"မရီစမ်းပါနဲ့မင်းရီနေရင်ကိုငါ့မှာမျက်ခုံးကခပ်လှုပ်လှုပ်ရယ်"
"ပါးကလဲကိုယ့်သားလေးကို"
စန်းရန်ကတော့ကော်ဖီထဲ့ပေးရင်းသားဖနှစ်ယောက်ပြောတာတွေကိုပြုံးပြီးနားထောင်နေလေရဲ့။
"သားငယ်ပါးကျောင်းကိုပြောထားပြီးပြီးမင်းဖောင်သွားတင်ဖို့ဘဲကျန်တယ်"
" ဟုတ်ပါးသားဟောက်ရွှမ်းနဲ့ဖန်ရှင်းတို့နဲ့အတူသွားတင်လိုက်ပါ့မယ်"