လူချမ်းသာတွေ သာနေသော ရပ်ကွက်တွင်ကြီးကျယ်ခမ်းနားလှသောအိမ်ကြီး၌....
"ဘာ... ငါ့သမီးကို ရှောင်းကျန့်က ရိုက်တယ်.. ဟုတ်လား"
"ဟုတ်..ဟုတ်ပါတယ် ချန်လူကြီးမင်း"
"ရှောင်းကျန့်က အကြောင်းမရှိဘဲ သူများကိုလုပ်တတ်တဲ့သူတော့မဟုတ်ဘူး"
"ဟုတ်ပါတယ် မမလေးက ကောင်လေးတစ်ယောက်ကို တွန်းလိုက်တာတဲ့ ပြီးတော့တွန်းခံလိုက်ရတဲ့ကောင်လေးက ဝမ်အိမ်တော်က သခင်လေးလို့ သိရပါတယ် ပြီးတော့... "
"ပြီးတော့ ဘာဖစ်လဲ""
"ဟို... ရှောင်းသခင်လေးက ဝမ်ဥက္ကဌဆီက ဝမ်သခင်လေးကို တောင်းထားတယ်လို့ ကြားနေရပါတယ်"
ချန်လူကြီးမင်း သူ့လူယုံတင်ပြသမျှကို နားထောင်ပြီး ကျေနပ်တဲ့ပြုံးပြုံးလိုက်တယ် ရှောင်းကျန့်... ရှောင်းကျန့်ဘယ်သူမှစိတ်မဝင်းစားတဲ့ မင်းကဝမ်အိမ်တော်က ဘာမှဟုတ်တဲ့ကောင်လေးကို တောင်းဆိုထားတယ်တဲ့လား တစ်ခြားအာရုံမစိုတဲ့ သူကကောင်လေးကိုမှ ကာကွယ်ပေးချင်နေတာဆိုတော့လဲ.....
"သူတို့ကို သေချာစုံစမ်းနေ အခွင့်ကောင်းရတာနဲ့ဝမ်သခင်လေးကို ဖမ်းမယ်ငါ့သမီးတွက်လက်စားချေရင်း အမောက်ထောင်နေတဲ့ ရှောင်းသခင်လေးလဲ ဖြုတ်ချရတာပေါ့ ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်မယ် ဟားးဟားးဟားး"
............
After one week later.....ရိပေါ် သူအိပ်မပျော်ဘူး အစောကြီး နိုးနေတာအင်းအခုချိန်ဆို ဟိုလူကြီးဘာလုပ်နေလောက်မလဲ ဟိုတစ်ခေါက်ကလို သူ့ဇယားတွေနဲ့များ ရှိနေလား အဲ့လူကြီးကစိတ်ချရတာ မဟုတ်ဘူး သူ့နားမှာက ဝိုင်းနေတာတစ်ခါတစ်လေ အဲ့ယုန်ကြီးကိုမနာလိုမိတယ်။
ဘာလိုလိုနဲ့ ရှောင်းလူကြီးကိုမတွေ့ရတာ တစ်ပတ်တောင်ကျော်ခဲ့ပြီ သူဒီအတောတွင်း သေချာစဥ်းစားခဲ့တယ် ဟုတ်တယ် သူရှောင်းလူကြီးကို ချစ်မိနေပြီ ဘယ်ကတည်းကလဲလို့ မေးရင်သူမသိဘူး
ဒီတိုင်းချစ်မိသွားတာ....."ဟဲ့... သားငယ် အစောကြီးဘဲ မိုးတွေတော့ရွာတော့မယ်နဲ့တူတယ်"