ကျန်းချန်က ရှောင်းကျန့်ရဲ့ ငယ်ပေါင်းကြီးတွေရှောင်းကျန့်မှာ သူငယ်ချင်းသုံးယောက်ရှိတယ်
ကျိုးချန်ရယ် စုန်ကျိရန်ရယ် ယွီပင်းရယ် သူတို့တွေကငယ်ငယ်ကတည်းက ပေါင်းလာခဲ့တာခုချိန်ထိဘဲ ကျိုးချန်ပြောမှ ကလေးအထင်လွဲနေမှာကို ကြောက်ရပြန်တယ် ပြန်ရောက်မှ သေချာပြန်ရှင်းပြအုန်းမယ်သူအယ်လီယာကို ချစ်ခဲ့တာမှန်ပါတယ် ဒါမဲ့အယ်ဘီယာဆိုတာသူ့အတွက်အတိတ်တစ်ခုဘဲကလေးကို ပိုချစ်တယ် ချစ်တာထက် အထိခိုက်မခံနိုင်အောင်မြတ်နိုးတယ်
.............
ရှောင်းကျန့်တွေးနေရင်း လွန်ခဲ့တဲ့တစ်ပတ်ဆီသို့....ရှောင်းကျန့် ပရောဂျက်တစ်ခုကြောင့် ukကိုရောက်နေတာ ခနနေအစည်းဝေးရှိတာမို့ ရုံးခန်းမှာဖိုင်တွေစစ်ရင်း ထိုင်စောင့်နေမိတယ်။
"ရှောင်းကျန့်... ငကျန့်ရေ"
"သေမလို့ အော်နေတာလားဟ ဘာဖစ်လာပြန်ပြီလဲ"
"မင်းရည်းစားဟောင်း အယ်လီယာက ဒီပရောဂျက်မှာ ပါဝင်တဲ့pk groupကတဲ့ သိပြီးပြီလား"
"ဟမ်..အော်.. အင်းး"
"ဘာလဲ ရှောင်းကျန့် မင်းဘာမှမဖစ်ပါဘူးနော်"
"မဖစ်ပါဘူးကွာ အဲ့တာတွေက အရင်က ဖစ်ခဲ့တာတွေ အခုလက်ရှိမှာ ငါမြတ်နိုးရတဲ့ ကလေးလေးရှိနေပြီကို"
"အေးပါကွာပြီးရော အစည်းဝေးက ခနနေစမှာနော်"
"omm"
ကျိုးချန် ရှောင်းကျန့်ရုံးခန်းကနေထွက်လာပြီး စဥ်းစားခန်းဝင်နေမိသည် ရှောင်းကျန့်က အယ်လီယာကို သိပ်ချစ်တာ ကျောင်းမှာရော သူတို့အသိုင်းဝိုင်းမှာ အများအားကျရတဲ့ထိ ဖစ်ခဲ့တာ သူတို့က 6နှစ်ကြာအောင်တွဲပြီး စေ့စပ်မယ်ဆိုမှ အယ်လီယာက တစ်ခြားတယောက်နဲ့ ဖောက်ပြန်ခဲ့တာ ရှောင်းကျန့်ကသိတော့ အစကပြဿနာရှာခဲ့တယ် အယ်လီယာက ရှောင်းကျန့်နဲ့ဖြတ်ပြီး England ကိုပြန်ဖို့လုပ်တော့ ရှောင်းကျန့်ကဒူးထောက်ပြီးတေ့ာ တောင်တောင်းပန်ခဲ့တာကိုတစ်ချက်မှ လှည့်မကြည့်တဲ့သူမက အခုရှောင်းကျန့်နားပြန်ရောက်လာခဲ့ပြီ ဒါမဲ့သူစိတ်မပူပါဘူး ကျတော့်သူငယ်ချင်းကြီးမှာ မိန်းခလေးတွေထက်တောင်ချစ်ဖို့ကောင်းတဲ့ ကောင်လေးရှိနေလို့လေ....။