Unicodeနှင်းစက်တွေရဲ့သဘောသဘာဝအတိုင်း
ကောင်းကင်ပေါ်ကနေ တစိမ့်စိမ့်ဆင်းလာသည် ။" နှင်းတွေကိုမကြည့်နေနဲ့ ကျွန်တော့်ကိုကြည့် "
ဘတ်စ်ကားမှတ်တိုင်အောက်ကို ဘယ်တုန်းကတည်းကရောက်နေမှန်းမသိတဲ့ လူချောလေးက သူ့ပုခုံးကိုစိတ်ရှိတိုင်းဆွဲဖက်ပြီး အမိုးကနေလျောကျလာတဲ့နှင်းစက်တွေကိုလက်နဲ့လှမ်းပြီးခံကြည့်နေသေးသည်။
" ထီးမပါပဲ ဒီအထိ လျှောက်လာတာလား "
" တမင်ယူမလာတာ ဆောနူနဲ့ကပ်ဆောင်းမလို့ ။
ဒါပေမယ့် ဆောနူက ကျွန်တော့်ကိုမစောင့်ပဲသွားနှင့်တယ် အကျင့်မကောင်းတာ "များသောအားဖြင့် အငယ်တွေကရွယ်တူလိုလာပေါင်းတာကိုမကြိုက်သော်လည်း ဒီကောင်လေးတစ်ယောက်ကိုတော့သူခွင့်လွှတ်ထားသည် ။
" နီခီ မင်းတော်တော်ဆိုးတာပဲ "
တကယ်ဆိုးတဲ့ကောင်လေးပါ ။ သူ့နှလုံးသားကိုပါ
ကမောက်ကမဖြစ်အောင်လုပ်နေတာလည်းနှစ်ပေါက်နေပြီ ။ အရိပ်အကဲလည်းနားမလည် ။" နှင်းတွေနဲ့ကျွန်တော်နဲ့ ဘာကိုပိုသဘောကျလည်း "
" အီစီကလီလုပ်ချင်ရင် ငါ့ကိုလာမလုပ်ပဲ
တခြားတစ်ယောက်ယောက်ဆီသွား "ငေါက်လိုက်တော့ နှုတ်ခမ်းကိုတမင်စူပြီး ဖုန်းကိုစကိုင်သည် ။ ဘာလည်း အဲ့တာ စိတ်ကောက်တာလား ။ အတတ်ကောင်းတွေတတ်နေလို့
ငေါက်လိုက်တာလေ ။" စိတ်ကောက်ရင် နေခဲ့ ဘတ်စ်ကားလာပြီ
ငါသွားနှင့်မယ် "" ကျောင်းပြေးမှာ ဆောနူနဲ့မတွေ့ချင်ဘူး "
တကယ်စိတ်ကောက်သွားတဲ့ကောင်လေးက ဘတ်စ်ကားမှတ်တိုင်နောက်ကိုပြေးဝင်သွားသည် ။
ဆောနူကလည်းအကြောမခံတဲ့သူပီပီ ဘတ်စ်ကားပေါ်ကို နားကြပ်နဲ့သီချင်းဖွင့်ထားရင်း မသိချင်ယောင်ဆောင်ပြီးတက်သွားတော့ ဒေါကန်ပြီးကျန်နေခဲ့တဲ့
နီခီ့ကို သူကြည့်ပြီးရယ်မိသည် ။နီခီကအတော်အရိပ်အကဲမသိတာ ။ တစ်ခါတစ်ခါ သူ့ကိုအီစီကလီလာလာလုပ်နေလို့လုပ်မိမှန်းလည်းသိပုံမရပဲ အဲ့အခြေအနေမှာတင်ပျော်နေတဲ့ကောင်လေး ။
YOU ARE READING
Once I Loved , [SUNKI ]✔️
FanfictionAt the time I realize, I've been fallen into love with you even more.