4

1.8K 269 20
                                    


Unicode

" ဆောနူ "

Skate board ကိုချလိုက်လိုက်ချင်းနောက်ကနေလာတဲ့ အသံခပ်ချိုချိုတစ်ခုကိုသူကြားလိုက်သည် ။

" အွန် .. ဆောဂျူအာ နင်ဘယ်လိုလုပ် ဒီကိုရောက် "

အလယ်တန်းမှာကျောင်းပြောင်းသွားတဲ့သူငယ်ချင်းမလေးက လက်ရဲ့ဇက်ရဲနဲ့ သူ့ပုခုံးကို လာဖက်သေးသည် ။

" နင့်ပိတ်ရက်တွေကျူရှင်မရှိဘူးလား "

" နင့်လိုစာကြိတ်လုပ်တယ်ထင်နေလား "

ခေါင်းကဆံပင်တွေကိုဆွဲဖွရင်းပြောလာတော့နှုတ်ခမ်းစူလိုက်သည် ။

ဆောဂျူအာက တစ်နည်းအားဖြင့် သူ့အချစ်ဦးဆိုလည်းမမှား ။ friend zone ကို ဆယ်ခါပြန်လောက်အသွင်းခံရပြီးတာတောင် ဆောနူကသိပ်အမှတ်သည်းခြေရှိတဲ့သူမဟုတ်သေးဘူး ။

အင်း... နီခီနဲ့မတွေ့ခင်ထိပေါ့ ။

ခဏချွတ်ထားတဲ့ ဦးထုပ်ကိုပြန်ဆောင်းပြီး
စကိတ်ပေါ်ကိုခြေတင်လိုက်ရင်း စကားဆက်မိသည် ။

" ငါကပြန်တော့မလို့ "

" အင်းပြန်လေ ငါကလည်း ဘာရယ်မဟုတ်
လမ်းပတ်လျှောက်ရင်းရောက်လာတာ ဒါနဲ့ "

ဂျူအာ့စကားကရပ်ပြီး တစ်နေရာကိုလှမ်းကြည့်နေတာတွေ့လိုက်သည် ။

အဲ့နေရာကိုလှမ်းကြည့်တော့တစ်စုံတစ်ယောက်နဲ့အကြည့်ချင်းဆုံပေမယ့် ဟိုဘက်ကအရင်မျက်နှာလွှဲသွားသည် ။

ပါးစောင်ကိုလျှာနဲ့ထိုးနေသေးပုံက တစ်ခုခုကိုဒေါသ
ထွက်နေသလိုလိုနဲ့ ပါးမှာလည်း plasta တစ်ခုရှိနေသေးသည် ။ ရန်ဖြစ်လာတာလား ?

ရုတ်တရက်မို့ သူရှက်သွားမိတာတော့အမှန် ဘာလို့
အဲ့ကလေးက ဒီကိုရောက်နေတာလည်း ။

ပြီးတော့ ဂျောင်ဝန်း ဆိုတဲ့ကလေးရောပါတယ် ။

ဘာပဲဖြစ်ဖြစ် ဒီနေရာမှာတော့ သူဆက်မနေချင်တော့

" ဆောဂျူအာ ငါတို့ စွပ်ပြုတ်သွားစားရအောင် "

" ဟင် ရုတ်တရက်ကြီး "

" သွားကြမယ်လာ "

ပုခုံးကနေ ဖက်ပြီး အဲ့ကောင်မလေးကိုပါ
ဟိုကလေးမြင်ကွင်းကအလွတ်ဆီဆွဲခေါ်လာခဲ့တော့ ပွစိပွစိနဲ့ပါလာသည်။

Once I Loved , [SUNKI ]✔️Where stories live. Discover now