3

1.8K 286 36
                                    


Unicode

" ဆောနူ "

" အင်း "

" စာကိုကြည့်လေ ကျွန်တော်ရှင်းပြနေတာကို "

နည်းနည်းလေးငေါက်တဲ့လေသံသုံးလိုက်တာနဲ့ နှုတ်ခမ်းကအရင်ဆုံး တထော်ထော်ဖြစ်သွားပါပြီ ။ သူ့ကို ကြယ်တွေပြည့်နေသလိုမျက်ဝန်းနက်နက်နဲ့ကြည့်ပြီး
ကပ်ချွဲတဲ့လေသံလေးနဲ့

" စာမကြည့်ချင်တော့ဘူး "  ဆိုပဲ ။

" ဘာလို့လည်း "

" သင်ပေးနေတာကမင်းကိုး "

ပုံမှန်သူ့ကိုစကားပြောသလိုခပ်ပြတ်ပြတ်လေသံကြီးဖြစ်သွားတော့ ခုနက ကပ်ချွဲခံရတဲ့လေသံလေးတောင်
ပြန်ကြားချင်သွားတယ် ။

" အဖျားပိုးက ဦးနှောက်ထဲထိရောက်တယ်လား "

မျက်စောင်းတစ်ချက်နဲ့အတူ ဘောပင်ကိုလှည့်ကိုင်တဲ့
အကိုပိစိက မျက်ခုံးပင့်လိုက်သေးသည် ။

သူပြောမိတာမှားလား ? ဂျပန်စာကူလုပ်ပေးပါတယ်ဆိုကာမှ အကြည့်ပဲခံနေရတာကို ။ လူပဲလေ ရှက်တတ်တယ်။

သူ့မျက်နှာတွေရဲနေလောက်လား မရဲနေလောက်ပါဘူး ။

" ဆေးခွင့်တောင်တိုင်ရပါတယ်ဆို အဖျားပိုးဦးနှောက်ထဲရောက်သွားတဲ့အဆင့်ဖြစ်ရင်လည်းဖြစ်မှာပေါ့  ။ မင်းကမှ ဂရုမစိုက်ပဲ "

အဆင့်မြှင့်ပြီး အကိုက စားပွဲခုံနဲ့ပါးနဲ့ကပ်သွား​အောင်မှောက်ချလိုက်သည် ။ ကဲ .. ပြောရခက်ဆိုရခက် ။
ညဘက်မို့အိပ်ငိုက်နေတာလားပဲ

" စာပဲလုပ်နေရတာပျင်းရင် တစ်ခုခုလုပ်မလား "

သူ့ဘက်လှည့်ကြည့်တဲ့ အကိုပိစိကွေးမျက်နှာနား
နည်းနည်းကပ်လိုက်တော့ မျက်နှာအမူအရာတစ်ချက်မှမပျက်ပေမယ့် ဖြူနုနုနားရွက်ဖျားတွေရဲသွားတာကိုတော့မြင်လိုက်တယ် ။

" ဗိုက်ဆာတယ် "

" တစ်ခုခုသွားထစားလေ "

" အခန်းထဲမှာစောင့်နေ  ငါတစ်ခုခုစားဖို့သွားယူအုံးမယ် "

ခုန်ဆွခုန်ဆွထွက်သွားတဲ့ အကိုလုံးလုံးလေးကို ကြည့်ပြီးရယ်မိတယ် ။ ပတ်သက်နေရတာကိုက ချစ်စရာလေးရယ်ပါ

Once I Loved , [SUNKI ]✔️Where stories live. Discover now