Ep-12 A Promise

579 61 6
                                    

ဒီနေ့နဲ့ဆို Sunghoon နဲ့ Gyeo Wool ရည်းစားတွေဖြစ်တာ ၂ပတ်တောင်ရှိသွားကြပြီ။ ဒီ၂ပတ်အတွင်း Sunghoon ကျောင်းကအပြန် Gyeo Wool နဲ့ ခဏ‌တွေ့လိုက်၊ ပိတ်ရက်တွေဆို Heeseung က အိမ်လာလည်ဖို့ ဖိတ်လို့ အိမ်မှာဆုံကြလိုက်နဲ့ တွေ့လာကြတာ အချင်းချင်း တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာကြသလို သံယောဇဉ်လည်း သေချာတွယ်နေကြလေပြီ ။

Ting Dong ...

" ရောက်လာပြီလား?မြန်လိုက်တာ "

" မမြန်ပါဘူး ပုံမှန်ပဲလာတာပါ "

" ကိုယ်နဲ့ ဖုန်းပြောပြီး ၅မိနစ်နေတော့ ရောက်လာလို့ အံ့ဩနေတာ ။ အစားအသောက်တွေ ပြင်ဆင်နေတာ နည်းနည်းလိုသေးတယ် "

" အာ... အဲ့တာ Heeseung oppa ကားနဲ့ လိုက်ပို့လို့ မြန်တာ ဟီးး နောက်၄နာရီနေရင် လာကြိုမယ်တဲ့။ မူကြိုပို့တာလည်းမဟုတ်ဘဲနဲ့
ဘာမှန်းလဲမသိဘူး "

" Babyက ၄နာရီထက် ပိုကြာကြာနေချင်လို့လား"
Sunghoon က Gyeo Wool ကို ဖက်ရင်း မေးလိုက်သည်။

" နေချင်တယ်ဆိုရင်ရော ? "
Gyeo Wool ကပါ ပြန်ဖက်လိုက်ကာ  မျက်လုံးအဝိုင်းသားလေးနဲ့ Sunghoonကို မော့ကြည့်ပြီး မေးလိုက်သည်။

" အခုတလော စကားတွေ အတော်တတ်လာပါလား စ သိသိချင်းတုန်းက စွာတေးလန်လေး မဟုတ်တော့ဘူးပဲ "

" ဟွန့် အဲ့စွာတေးလန်လေးကို သဘောကျတာ ဘယ်သူလဲ "

" ဟား ဟား ကိုယ်အရှုံးပေးပါပြီ ပြိုင်မငြင်းတော့ဘူး။ ဟုတ်ပြီလား "
Sunghoon ရင်ခွင်ထဲရောက်နေတဲ့ Gyeo Wool ခေါင်းလေးကို ဖွကာ
ဖက်ထားတာကို လွှတ်လိုက်တော့သည်။

" အရှေ့မှာ ခဏထိုင်စောင့်ပေး
မလား ကိုယ် အားလုံးအဆင့်သင့်ဖြစ်ရင် ခေါ်လိုက်မယ် "

" Omm "

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လည်းဖြစ်၊ ကျောင်းမှာဆိုလည်း စာအရမ်းတော်လို့ ဆရာ၊ ဆရာမတွေကပါ သဘောကျတဲ့ ဒီကောင်လေးက အခု သူမအတွက် အရာရာဖြစ်နေတာ မယုံနိုင်သေးပါ။ သူ့အကြောင်း ပိုသိလာလေ သူ့ကို ပိုချစ်မိလေ ဖြစ်နေတာ မှန်သလား မှားသလား မသိတော့ပေမဲ့ သူမ Sunghoon နဲ့ မခွဲချင်တော့တာတော့ အမှန်ဖြစ်ပေသည်။

Last Christmas  || CompletedWhere stories live. Discover now