Ep-14 please don't play my heart

533 53 8
                                    

"မနက်ဖြန်ရောဘယ်သွားဦးမှာလဲ? "

" မနက်ဖြန်တော့ နေပါ။ နေ့တိုင်းအပြင်ထွက်နေရတာ ငြီးငွေ့လာပြီ အိမ်မှာပဲနေတော့မယ် "

" ဒီကောင်မလေး အမျိုးမျိုးနော်! "

" အံမယ် ဖြစ်ရသေးတယ် မရောက်တာကြာလို့ ‌ဟိုနားဒီနားလိုက်ပြပါလို့ အတင်းတောင်းဆိုခဲ့တာ ဘယ်သူလဲ!? "

" ငါပဲအလျှော့ပေးပါတယ် Gyeo Woolရေ ဟုတ်ပြီလား "

" ဒီလိုမှာပေါ့ ...! "

ရေခဲမုန့်၀ယ်ရင်း ၂ယောက်သားပြောနေတာတွေအကုန်ကို ဂျေအီးတစ်ယောက် ကြားမိသွားသည်။ ဆောင်ဟွန်းနဲ့ jakeတို့ကို ရေခဲမုန့်စားပြီး ထိုင်စောင့်နေတုန်း ဒီအသံရင်းနှီးနေပါတယ်မှတ်တာ ထင်တဲ့အတိုင်း Gyeo Wool ဖြစ်နေပါလေရော။ ဒါနဲ့ သူမဘေးနားက ကောင်းလေးကကကော ဘယ်သူလဲ? ၂ယောက်သားကြည့်ရတာ တော်တော်လေးရင်းနှီးကြတဲ့ပုံပဲ။ ဆောင်ဟွန်းရော ဒီအကြောင်းတွေသိရဲ့လား....?

" Yah! Park Jong Seong! ဘာတွေထိုင်တွေးနေတာလဲ "

" ဪ... မင်း ရောက်ပြီလား Jake ကော? "

" သူလည်း လာနေပြီထင်တယ်။ "

" ဒါနဲ့ မင်း အခုတလော Gyeo Woolနဲ့ dateဖြစ်သေးလား? "

" Arni... ဟိုတစ်ခါငါစာမေးပွဲပြီးလို့ သူ့အိမ်လိုက်သွားပြီးကတည်းက နောက်ပိုင်း မတွေ့ဖြစ်သေးဘူး။ သူ စာလုပ်စရာလေးတွေရှိနေလို့တဲ့ နေ့တိုင်းတော့ ဖုန်းပြောဖြစ်ပါတယ်။ ဘာလို့တုန်း "

" ဘာမှတော့မဟုတ်ပါဘူး။ ခုနက ငါဒီမှာထိုင်နေတုန်း Gyeo Wool အသံကြားလိုက်မိလားလို့...။ ရေခဲမုန့်လာ၀ယ်တာ ယောင်္ကျားလေးတစ်ယောက်လည်းပါတယ် "

" သူ့အစ်ကို Heeseung နေမှာပေါ့ မင်းကလည်း.... "

" ဟုတ်လား? ငါ အဲ့hyungကို မတွေ့ဖူးလို့မသိဘူး။ အသံကြားရတာတော့ ၂ယောက်က တော်တော်ရင်းနှီးတဲ့ပုံပဲ။ Gyeo Wool အစ်ကိုပဲနေမှာပါ "

တစ်ကယ်တော့ Heeseung hyung မဟုတ်နိုင်မှန်း Sunghoon သိတယ်။ ဟိုတစ်နေ့က တွေ့ခဲ့တဲ့သူများလား ? Gyeo Woolက စာတွေနဲ့အလုပ်ရှုပ်နေတာပြောထားတာပဲလေ လျှောက်မတွေးနဲ့သင့်ဘူး။ ကိုယ့်ကောင်မလေးကို ယုံကြည်ရမှာပေါ့

Last Christmas  || CompletedWhere stories live. Discover now