အခန်း - ၃

713 80 15
                                    

Unicode
အဲဒီနောက် သမားတော်က မေးခွန်းအချို့ ထပ်မေးတယ်။ အားလုံးမေးပြီးတာနဲ့ သူ အခန်းထဲက ထွက်သွားတယ်။

သမားတော် ထွက်သွားပြီးမကြာ အစ်ကိုနဲ့ အစ်မဝင်လာ
တယ်။

"အန်နေမာရီ"

"လီလီ၊ အစ်ကိုရော ပါလာတယ်"

ကျွန်မအမျိုးသားနဲ့ အိမ်စေတွေရဲ့ အပြုအမူတွေက ထူးဆန်းနေတယ်။ အဲဒါကြောင့် ကျွန်မနေရတာ တော်တော်လေး အဆင်မပြေဖြစ်နေတယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့ ကျွန်မ မောင်နှမတို့ကို တွေ့လိုက်ရတာကြောင့် မပြောပြတတ်လောက်အောင် စိတ်သက်သာရာရသွားတယ်။

ပြီးတော့ အခု ထပ်ပြီး ဘာလို့ လီလီက ငါ့ကို 'အန်နေမာရီ' လို့ခေါ်ရတာလဲ။

စောနကအထိ မာရီယာလို့ခေါ်တာပါ...မဟုတ်သေးဘူး၊ အခုလေးတင်...သူတို့ ငါ့ကို ဘယ်လို ခေါ်လိုက်တာပါလိမ့်။

"အန်နေ၊ ကြည့်ပါဦး၊ ဒေစီပန်းလေ၊ ကြိုက်တယ် မလား"

"ချစ်စရာကောင်းပါတယ်။ ဒါပေမဲ့ လီလီ၊ နင် ငါ
အကြိုက်ဆုံးပန်းကိုတောင် ဘာလို့ အမှတ်မှားနေတာလဲ"

အခုတော့ ငါ့နာမည်တင်မကဘူး၊ သူမက ငါကြိုက်တဲ့ပန်းကိုတောင် မမှတ်မိတော့ဘူးပဲ။

အခု ငါ့အစ်မက နည်းနည်း အနိုင်ကျင့်နေရာ မကျဘူးလား"

"အန်နေ...ဘာတွေပြောနေတာလဲ"

"လီလီ၊ နင်ဘာတွေ ဗလုံးဗထွေးပြောနေတာလဲ။ ငါ
အကြိုက်ဆုံးပန်းက နှင်းဆီလေ"

အာ၊ ဒါပေမဲ့ ပြောရမယ်ဆို လူနာကို ပေးဖို့ကျတော့
နှင်းဆီအနံ့က ပြင်းလွန်းတယ်။ ဒါကြောင့် လီလီ က သူများကို ဂရုစိုက်တတ်တဲ့ သူမအကျင့်အတိုင်း လုပ်နေတာပဲ နေမှာပါလေ။

အဲဒါနဲ့ ကျွန်မ သူမကိုတောင်းပန်လိုက်ပေမဲ့ လီလီ
ကတော့ မကျေနပ်သေးတဲ့ပုံ ပေါက်နေတယ်။

"အန်နေရဲ့ အကြိုက်ဆုံးအရောင်က ဘာလဲ"

"ပန်းရောင်လေ၊ ကျွန်မ အမြဲ ပန်းရောင်ပဲ
ဝတ်တာလေ"

"ချိုချဉ်ကိတ်နဲ့ ကိတ်အချိုမှာ ဘာကိုရွေးမလဲ"

"သေချာပေါက် ကိတ်အချိုပေါ့။ အခု နင်တို့အားလုံး
ထူးဆန်းတဲ့ မေးခွန်းတွေချည်းပဲ မေးနေကြတယ်။
နောက်ပြီးတော့ ငါနင်ကို ဆက်တိုက် ပြောနေတယ်လေ၊ ငါက 'အန်နေ' မဟုတ်ဘူးလို့"

ကျွန်မ ပျောက်ဆုံးသွားသောနေ့Where stories live. Discover now