ဖုန်းက စားပွဲပေါ်လှမ်းအတင်မှာပဲ ရုတ်ချည်းမီးလင်းလာပြန်သည်။ ဒီနှစ်နာရီအတွင်းမှာပဲ ဖုန်းတွေ ဆက်တိုက်ပြောနေရတာ လူဘယ်နှစ်ယောက်နဲ့ ရှိပြီလဲ။
Contact name က အိန်ဂျလာဆိုတဲ့ အမည်ကို မြင်မှကျိရိ စိတ်အေးသွားသည်။
" ဟယ်လို "
" အိတ်ဆိုင်ဖွင့်စားတော့မလားလို့လေ နာမည်စဉ်းစားပေးပါဦး "
အိန်ဂျလာရဲ့ ရွှတ်နောက်နောက် စကားသံကြောင့် ဟက်ခနဲ သူတချက်ရီလိုက်သည်။
" သဘောမကျဘူးလားဗျ "
" ကွယ် သဘောကျပါ့ အိတ်တွေချည်းကတော့ ထပ်နေပြီလားလို့လေ။ နောက်တခါ တမျိုးစဉ်းစားပေးပေါ့။ ကိုယ်တိုင်မစဉ်းစားတတ်ရင်လည်း ကူစဉ်းစားပေးမယ့်သူ ရှိနေပြီပဲ ဥစ္စာ "
မိထွေးတော်ကတော့ ဇာတ်လမ်းစပါပြီ။ လက်ထဲရောက်တာ သုံးရက်မြောက်ရှိတော့မယ့် လက်ဆောင်အကြောင်း စကားဦးဖွင့်ပြီး ဖုန်းဆက်လာကတည်းက ညနေက hot search တတ်သွားတဲ့ သတင်းကို လာနှိုက်တော့မယ်ဆိုတာ ရိပ်မိသလောက်ရှိသား။
" နောက်ပြီဗျာ "
" ၂လအတွင်း ဒီလောက်တောင် နီးစပ်သွားတယ်ပေါ့"
အိန်ဂျလာက နယူးဇီလန်မှာ ၂လကျော်ကျော် variety show တခု အတူသွားရိုက်လာတဲ့ cast member ထဲက ချီရှန့်ဆိုသော အဆိုတော်မလေးနဲ့ ကျိရိ ဒီညနေပဲ dating rumor ထွက်ခဲ့တာကို အစ်နေခြင်း။
" အဖွဲ့ထဲကလူတွေနဲ့ အတူတူ ညစာစားတာပါ။ ပြန်လာလာချင်းညကတည်းက ဆုံဖို့ မအားကြတာနဲ့ "
သူငယ်ချင်းတွေ ဖုန်းဆက်မေးလာတုန်းကတော့ ကျိရိက နောက်ပြောင်ပြီး ပြန်ဖြေခဲ့သည်။ ဖြေရှင်းချက်လေး ထုတ်ပါဦး ဆိုတဲ့အခါ ဒီလောက်ရှင်းနေတာကိုဆိုတာမျိုး။ ဘယ်လိုလဲ ငါအရွေးတော်တယ်မလား ဆိုတာမျိုး။
အိန်ဂျလာ့ကိုတော့ သူအတည်အတန့်ပဲ ဖြေရသည်။ လူကြီးဖြစ်သလို နောက်ပြောင်လိုက်ရင် နောက်ဆက်တွဲကို စိုးရိမ်တာလည်း ပါမယ်။
သူမညာမှန်း သိတာကြောင့် အိန်ဂျလာကလည်း လက်လျော့သွားပါသည်။ နယူးဇီလန်က အကြောင်းတွေသာ လျှောက်မေးနေတော့တယ်လေ။