[နောက်ကြောင်းပြန်]
ပေ့ထန်မင်ကျန်းကသူတို့မျိုးဆက်အတွက်မိသားစုကို ဆက်သူရမယ့်သူဖြစ်သည်။သူ့မှာအစ်မ၃ယောက်ရှိသည်။
အစ်မကြီးကပေ့ထန်ရီဇီကသူတို့ထက်၁၅နှစ်ကြီးပြီ အစ်မ လတ်ပေ့ထန်ဟွမ်ဇီက ၁၁ နှစ်ကြီးသည်။
လူတွေကဒီပေ့ထန်မျိုးဆက်မှာယောကျ်ားလေးဆက်ခံသူရှိဖို့ရှားတယ်လို့ပြောခဲ့ကြသည်။ဒါပေမယ့် မထင်မှတ် ထားစွာပဲနောက်နှစ်ပေါင်းများစွာကြာပြီးချိန်မှာပေ့ထန် ကတော်ကကိုယ်ဝန်ထပ်ဆောင်ခဲ့ရပြီး ပေ့ထန်မင်ကျန်း နဲ့ပေ့ထန်ဟွာဇီအမွှာကိုမွေးပေးခဲ့သည်။
ဒါ့ကြောင့်လဲပေ့ထန်မိသားစုရဲ့တစ်ဦးတည်းသောအမွေခံအနေဖြင့်ပေ့ထန်မင်ကျန်းရဲ့အနာဂတ်ကအကန့်အသတ်မဲ့ကိုထွန်းလင်းတောက်ပနေမှာသေချာသည်။ဒါ့ကြောင့်အဲဒိ့နုပျိုလှပတဲ့ကောင်လေးကဒီလိုရန်လိုပြီးအေးစက် ထောင်လွှားခွင့်အပြည့်ရှိနေတာကိုစုယွီဟန်နားလည် သည်။
ထိုကောင်လေးကသူနဲ့လုံးဝမတူသူတစ်ဦးအဖြစ်မွေးဖွား ခဲ့တယ်။
သူကရှေးဟောင်းမင်းမျိုးအနွယ်ဝင်မိသားစု၏အမွေခံ ဖြစ်သည်။သူလိုသာမန်လူတစ်ဦး နှင့်နှိုင်းယှဉ်လျှင် သူတို့၏ ကွဲပြားမှုများကကောင်းကင်နှင့်မြေကြီးထက် ကိုပိုကျယ်လွန်းသည်။
~~~~~~~~~~
ပေ့ထန်ဟွာဇီရဲ့ခွဲစိတ်မှုကအလွန်အောင်မြင်သည်။ စုယွီဟန်ကအသက်၂၀သာရှိသေးသော်လည်းသူက ရှားပါးသောပါရမီရှင်တစ်ယောက်ဖြစ်သည်။
သူခွဲစိတ်ခန်းကထွက်လာတော့ပေ့ထန်မင်ကျန်းနဲ့သူ့လူ တွေကအပြင်မှာစောင့်နေသည်။ ခွဲစိတ်တာက၄ နာရီ ကြာခဲ့သည်။ အဲဒါကကြာလွန်းသဖြင့်ဆေးရုံဒါရိုက်တာ တောင်မှစိတ်ပူနေမိသည်။
ဆေးရုံကိုလဲပေ့ထန်ရီဇီကအခြားအနှောက်အယှက်တွေ ကင်းစေဖို့ ဆေးရုံတစ်ခုလုံးမှာထို၄နာရီလုံးမည်သည့် လူနာမှလက်မခံစေဘဲပိတ်ထားစေလိုက်သည်။
ဒါ စုယွီဟန်အတွက်တော့နိုင်ငံရေးသမားတွေကိုခွဲစိတ် ပေးဖူးတဲ့အတွေ့အကြုံထက်ကိုပိုနေသည်။
YOU ARE READING
Praying For Fate
Historical FictionAuthor(s) Shi Shi Thập Thế 十世 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/conte hint belongs to its rightful author.If you are the original author and would like to remove th...