[ပစ္စုပ္ပန်]
"ဒေါက်တာစု..ဒေါက်တာစု?"
စုယွီဟန် မျက်ဝန်းတွေဖွင့်လိုက်တော့.. သူနာပြုအုပ်ကြီး ကသူ့ကိုပြုံးကာကြည့်နေတာကိုတွေ့ လိုက်ရသည်။
"ဘာဖြစ်လို့လဲ? ဒေါက်တာကြည့်ရတာ အိပ်ပျော်နေသလိုပဲ?"
"အာ...ကျွန်တော်နဲနဲအိပ်ငိုက်သွားတယ်ထင်တယ်"
စုယွီဟန်မျက်လုံးတွေပွတ်ကာပင်ပန်းနွမ်းနယ်စွာနဲ့ ထထိုင်လိုက်သည်။
"ဒါဆိုလဲဒီမှာမအိပ်နဲ့...အအေးမိမယ်..သတိထားမှပေါ့..အခုအလုပ်ဆင်းလို့ရပါပြီ...ကိုယ်စားလှယ်ကြီးရဲ့ခွဲစိတ်မှုကအားလုံးပြီးသွားပါပြီ...အားလုံးချောချောမွေ့မွေ့ပဲ..။ ဒါရိုက်တာကြီးကဒေါက်တာ့ကိုအိပ်ပြန်နားလိုက်ပါလို့ ပြောလိုက်တယ်...စနေနေ့မှလာခဲ့တော့တဲ့"
"အင်း..အိုကေ"
အစိုးရအရာရှိတစ်ဦးရဲ့လျှို့ဝှက်သော ဦးနှောက်ခွဲစိတ် ကုသမှုသည် ၁၄ နာရီကြာသည်။ စုယွီဟန်က အာရုံကြော ဆိုင်ရာအပိုင်းကိုပထမခြောက်နာရီတာဝန်ယူခဲ့သည်။
အချိန်ကြာမြင့်စွာခွဲစိတ်ကုတင်ရှေ့မှာ ရပ်နေခဲ့ရတာ ကြောင့်သူ့ခြေထောက်တွေထုံကျင်နေပြီး .. အလွန်အကျွံ အာရုံစိုက်ရခြင်းကြောင့်လဲ ရက်အတန်ကြာမအိပ်ထားရ သူကဲ့သို့ပင်ပန်းနွမ်နယ်နေသည်။
"ကျန်းသူနာပြုကြီး..ကျွန်တော်သွားလိုက်အုန်းမယ်.. ကောင်းသောညပါ"
"ကောင်းသောညပါ"
စုယွီဟန် ကမြေအောက်ထပ်ကားပါကင်ကို ဆင်းသွားကာ ကားယူပြီးအိမ်ကိုပြန်မောင်းလာခဲ့ သည်။သူစိတ်လွတ် စွာနဲ့ကားမှန်တံခါးကိုဖွင့်လိုက်တော့နွေဦးရဲ့လေပြေကသူ့ပါးတွေနားကနေဖြတ်သွားသည်။
သူဆောင်းတွင်းအိမ်မက်ကယောက်ကယက်လိုမက် နေ တာဖြစ်နိုင်သည်။ ဒီလိုပူလွန်းတဲ့နွေရာသီမှာ ဘာလို့ အဲလိုအိမ်မက်ကြီးမက်ရတာလဲ..
အဲဒိအိမ်မက်ကသူ့ကိုပိုပီးမောပန်းစေသည်။
မီးနီမှာရပ်နေရင်းစုယွီဟန်ကလူသွားလမ်းရှေ့မှာကားကို ရပ်လိုက်သည်။သူ့ရှေ့တည့်တည့်ကတိုင်းစကွဲပလာဇာ မှာချိတ်ဆွဲထားတဲ့ LED ဘုတ်မှာလူကြိုက်များတဲ့ ရေမွှေး ကြော်ငြာပြသနေသည်။
YOU ARE READING
Praying For Fate
Ficción históricaAuthor(s) Shi Shi Thập Thế 十世 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/conte hint belongs to its rightful author.If you are the original author and would like to remove th...