Unicode:
Cang Yu က Qiong Dao ကပြန်လာပြီး ၂ ရက်မြောက်နေ့မှာ Yi Nan အဖေဆီက အိတ်တစ်အိတ်ကို လက်ခံရရှိခဲ့တယ်။ အိတ်ကိုဖွင့်ပြီးတဲ့နောက်မှာ Cang Yu ရဲ့ အသားအရေက သေမလောက်အောင် ဖြူစွတ်သွားတယ်။ အထဲမှာပါဝင်တဲ့အကြောင်းအရာတွေက သူ Hai Yu ကို မထူထောင်ခင်တုန်းက သူ့ရဲ့ ရာဇဝတ်မှု မှတ်တမ်းတွေဖြစ်တယ်။ သက်သေတွေကလည်း Cang Yu ကို ကျည်ဆန်အချက် ၁၀၀ လောက်ကျွေးရလောက်တဲ့ထိ လုံလောက်တယ်။
နောက်ပြီး အဲ့အချက်အလက်တွေနဲ့အတူ အသံတိပ်တစ်ခုထည့်ထားတဲ့ အိတ်သေးသေးလေးတစ်လုံး ပါသေးတယ်။ သူ့လက်ချောင်းတွေက တုန်ရီနေလို့ တိပ်ကို ဖွင့်ဖို့ ၂ ကြမ်လောက်ကြိုးစားလိုက်ရတယ်။ နောက်ဆုံးတော့ သူ ခလုတ်ကို ဖွင့်လိုက်တယ်။
တိပ်ခွေက ဖြည်းဖြည်းမှန်မှန်လေး သွားနေတယ်။ Yi Nan ရဲ့ သံလိုက်လိုမျိုး ရှင်းသန့်တဲ့ အသံလေးက ထွက်ပေါ်လာတယ်။ "Cang Yu ငါပါ၊ Yi Nan ပါ။ ငါမင်းကို ဝန်ခံစရာတစ်ခုရှိတယ်။ ဒါပေမယ့် ဘယ်လိုပြောရမှန်းမသိလို့ အခုလိုမျိုးဝန်ခံလိုက်တာပါ။
မင်းငါ့အရှေ့မှာ ရှိမနေမှ ငါပြောပြနိုင်မှာမလို့။ နောက်ပြီး ဒီ နည်းလမ်းကိုသုံးတာက ငါတို့ ၂ ယောက်လုံးအတွက် စဥ်းစားဖို့ အချိန်လေးလည်း.ရတာပေါ့။ "
"ငါပြောချင်တာက...............ငါကတကယ်တော့ ရဲတစ်ယောက်ပဲ။ ပိုပြီးတိတိကျကျပြောရရင် လျှို့ဝှက်စုံထောက်တစ်ယောက်ပါ။ ငါသိပါတယ် မင်းက လျှို့ဝှက်စုံထောက်တွေကိုအမုန်းဆုံးဆိုတာ။ ဘာကြောင့်လဲဆိုတော့ သူတို့က Xiao Hai ကို သေစေခဲ့တဲ့အတွက်ကြောင့်ဆိုတာ။ ဒါပေမယ့် သူသာ ဆေးကုန်ကူးမှုထဲမှာ ပါဝင်ပတ်သက်မနေဘူးဆိုရင် သူဘယ်လိုလုပ်သေမှာလဲ။ တကယ်တော့ သူ့ကိုသေစေခဲ့တာက ဆေးတွေပါ။(ခနလောက်ရပ်လိုက်တယ်) ငါ Hai Yu မှာ အလုပ်လုပ်တာ ၂ နှစ်လောက်ရှိပြီ။ ဒီ ၂ နှစ်အတွင်းမှာ ငါအချက်အလက်တွေအများကြီးစုဆောင်းခဲ့တယ်။ လွန်ခဲ့တဲ့ ၇ နှစ်က မင်းရဲ့ ရာဇဝတ်မှု မှတ်တမ်းတွေအပါအဝင်ပေါ့။ ဒီအချက်တွေကို အသင်းခေါင်းဆောင် Huang ကိုပေးပို့ရမှာ ငါသိပါတယ်။ ဒါပေမယ့် ငါမင်းကိုထောင်ထဲ မပို့ချင်ဘူး။ နောက်ပြီး မင်း......ကြိုးမိန့်ပေးခံရမှာလည်း မလိုလားဘူး။ မင်းခနခနပြောတယ်လေ ၊ ငါ့လို ကျောင်းကပြီးထားခါစလူတစ်ယောက်၊ ဘဝအတွေ့အကြုံလည်းမရှိတဲ့ လူတစ်ယောက်က အလွန်တုံးအပြီး ရိုးသားလွန်းတယ်ဆိုတာလေ။ ငါ့အထင်တော့ မင်းပြောတာမှန်နေပြီထင်တယ်။ မင်းနဲ့အတူရှိနေတဲ့အချိန်တိုင်း ငါက ရဲတစ်ယောက်ဆိုတာကိုတောင်မေ့သွားတယ်။ နောက်ပြီး ငါဘယ်အချိန်ကတည်းက မင်းကို ချစ်မိနေလဲဆိုတာတောင် မသိတော့ဘူး။ Hai Yu ကအခု တရားဝင်လုပ်ငန်းတွေကိုပဲလုပ်နေပြီး မင်းကလည်း တရားမဝင် လုပ်ငန်းတွေနဲ့ မပတ်သက်တော့ဘူးဆိုတာ ငါသိလိုက်တယ်။ အဲ့အချက်ကို သေချာအောင်စုံစမ်းပြီးတဲ့နောက်မှာ ငါတစ်လလောက်တောင် စိတ်လှုပ်ရှားနေခဲ့တာ။ နောက်ပြီး ငါ့ကိုယ်ငါလည်း တိတ်တိတ်ကလေး ဂုဏ်ပြုနေခဲ့သေးတယ်။ ဒါပေမယ့် အသင်းခေါင်းဆောင် Huang နဲ့ အရာရှိ Li တို့က ယုံပုံမရဘူး။ သူတို့က ငါ့ရဲ့ရဲအလုပ်အပေါ်သစ္စာရှိမှုကို သံသယဝင်နေပုံပဲ။ သူတို့မှာ သံသယဝင်ပိုင်ခွင့်ရှိပါတယ်လေ။ ငါကလည်း ရဲတစ်ယောက်ဖြစ်ဖို့ အရည်အချင်းမပြည့်မှီပါဘူး။ (စက္ကန့်ပိုင်းလောက်ရပ်နားလျက်) သဘက်ခါဆိုရင် မင်းနဲ့ငါနဲ့ Qiong Hao ကိုအလည်သွားကြမယ့်နေ့နော်။ အဲ့နေ့ကျရင် ခေါင်းဆောင် Huang ကို ကုမ္ပဏီရဲ့ ရောင်းဝယ်ရေးတွေ၊ အတွင်းပိုင်းငွေစာရင်းတွေပါတဲ့ ချပ်ပြားလေးကို ငါပေးလိုက်မယ်။ အဲ့ထဲမှာ လျှို့ဝှက်ကုန်သွယ်ရေးတွေပါနေပေမယ့် အနည်းဆုံးတော့ Hai Yu က တရားဝင်စီးပွားရေးတွေ လုပ်နေတယ်ဆိုတာ ထောက်ပြနိုင်တယ်လေ။ ဒါက မင်းအတွက်လည်းကောင်းမယ်ထင်တယ်။ အဲ့လျှို့ဝှက်ချက်တွေက အပြင်ကို ပေါက်ကြားမှာမဟုတ်တဲ့အတွက် Hai Yu အတွက် စီးပွားရေးဆုံးရှုံးမှုတွေဖြစ်စေမှာ မဟုတ်ပါဘူး။ မင်းရဲ့ အရင်တုန်းက ဆေးမှတ်တမ်းတွေကိုတော့ ငါအဖေ့ကို မင်းဆီ ပြန်ပို့ခိုင်းလိုက်ပါမယ်။ ဒီတိပ်ခွေကိုလည်း ငါအဖေ့ဆီ ပို့အုံးမှာ။ ဒါမှ သူက မင်းကို အချက်အလက်တွေနဲ့အတူ တိပ်ခွေကိုလည်း ၃၀ ရက်နေ့မှာ မင်းဆီကို ပို့ပေးနိုင်မှာ။ ဒါမှ ကျွန်းကပြန်လာရင် မင်းကဒါကို လက်ခံရရှိမှာ။ နောက်ပြီး ငါလုပ်ခဲ့တဲ့အရာက ရဲတစ်ယောက်အနေနဲ့ သစ္စာစောင့်သိမှုတွေ၊ တရားမျှတမှုတွေကို ဖောက်ဖျက်ခဲ့မှန်းငါသိပါတယ်။ ဒါပေမယ့် မင်းလို သစ်ရွက်အသစ်တစ်ရွက်လို ပြောင်းလဲလာတဲ့လူတစ်ယောက်ကို ပျက်စီးမယ့် လမ်းကြောင်းပေါ်ကို ငါမပို့ချင်ဘူး။........(တိတ်ဆိတ်လျက်) ဒါကို ငါ့ရဲ့ အတ္တလေးလို့ပဲ မှတ်ယူလိုက်ပါနော်။
VOUS LISEZ
လှည့်စားခြင်း/ လွည့္စားျခင္း(ဘာသာပြန်)(Complete)
NouvellesSummary: Unicode: ရဲတစ်ယောက်က ကုမ္ပဏီတစ်ခုရဲ့ လက်အောက်မှာ လျှို့ဝှက်စုံထောက်အနေနဲ့အလုပ်လုပ်ခဲ့တယ်။ မာဖီးယားဂိုဏ်းခေါင်းဆောင်နဲ့ ရင်းနှီးအောင်လုပ်ပြီး သူ့ရဲ့ ရာဇဝတ်မှတ်တမ်းတွေကိုရှာပြီး သူ့ကို ထောင်ချနိုင်ဖို့အတွက်ဖြစ်တယ်။ Zawgyi: ရဲတစ္ေယာက္က ကုမၸဏီတ...