Repent😴

1.2K 80 0
                                    

Unicode

"ဝမ်လေး မကြောက်နဲ့နော် လာသားလေး"

"ဟုတ်မား"

"ဒီညတော့ မေ့ချန် တစ်ခန်းပဲစီစဥ်လိုက်ရတယ် မနက်ဖန်မှ တစ်ယောက်တစ်ခန်း သေချာပြင်ပေးမယ်နော် အကိုဝမ်"

"ရပါတယ် မေ့ချန်ရယ်"

"ကယ်အဲ့တာဆို  ရိလုံတို့လည်း နားပါစေတော့ မနက်ကြမှ စကားဆက်ပြောကြမယ်လေ"

"အား... ဟုတ်သား ဝမ်လေး good nightနော်"

"ဟုတ်မား good night"

အခန်းထဲရောက်တော့ ကုတင်ပေါ်တက်ပြီး ရိပေါလဲနေလိုက်သည်။ခဏနေတော့ ပါးပါ ရိပေါဘေးလဲလာပြီး ရိပေါခေါင်းကို လက်မောင်းလေးပေါ် တင်ရင်း

"ကယ် သားလေး အိပ်ပျော်အောင် အိပ်နော် ဘာမှမတွေးနဲ့ ပါးက အားလုံး အဆင်ပြေအောင် လုပ်ပေးမယ် ဟုတ်လား"

ပါးစကားကြားတော့ ရိပေါပါးဘက်လှည့်ကာ ပါးခါးကို ဖက်ထားပြီး

"ဟုတ်ပါး ပါးလည်း ဘာမှသိပ်မတွေးနဲ့နော် ပါးက သားကမ္ဘာ တခြမ်းလေ ပါးကျန်းမာမှ ရမှာ ပါးလည်း အိပ်တော့လေလာ အတူတူ အိပ်မယ် သားကိုဖက်ထား"

"ဟုတ်ပါပြီ ပါးသားအလိမ္မာတုံးလေး"

ကျန်တဲ့ တစ်ခြမ်းကတော့ ကျန့်အတွက်ပေါ့ ပါးကဘာမှမတွေးပဲ အိပ်ဆိုပေမဲ့ သူနဲ့တစ်အိမ်ထဲနေရတာဆိုတော့ သူကြွေလာအောင် ဗျူဟာလေးတေတော့ ကြိုတွေးထားမှ

ရိပေါနိုးတော့ ကုတင်ဘေးမှာရပ်ပြီး စောင်တချို့ကို ခေါက်နေတဲ့ ပါးကပြုံးပြီး

"အားဝမ်အိပ်ယာပြောင်းဆိုတော့ အိပ်​ပျော်ရဲ့လား"

"ပျော်သလား မမေးနဲ့ ပါးသားအကြောင်း သိတယ်မို့လား"

"ဟုတ်ပါပြီ လာထ မျက်နှာသစ် ပြီးရင် အောက်ထပ်သွားမယ်"

"ဟုတ်"

ရိပေါတို့ ဆင်းလာတော့ ထမင်းစားခန်းထဲမှာ လူစုံတပ်စုံဖြစ်နေပြီ

"ဝမ်လေး လာသား"

"ဟုတ်မား"

"ရော့သားစား... အကိုဝမ် လိုတာရှိရင်ပြောနော်"

Love The Bad GuyWhere stories live. Discover now