Xaio Zhan's love❣

1.1K 44 3
                                    

Unicode

တဖြည်းဖြည်း အနွေးဓာတ်လေးကပျောက်ပြီး အေးစက်စက်ဖြစ်လာတာမို့ မျက်လုံးတေကို ဖွင့်မကြည့်သေးပဲ ဘေးကိုစမ်းကြည့်လိုက်တော့ အေးစက်စက်မွေ့ယာကြီးပဲ စမ်းမိတာမို့ မျက်စိနှစ်ဖက်က ဖက်ခနဲ အော်တိုပွင့်လာသည်။

သေချာထကြည့်ဖို့ ထိုင်လိုက်တော့ ခံစားရတဲ့ ဝေဒနာက ပြောပြမရအောင်ကိုပဲ။

အိပ်ခန်းထဲကို ဝေ့ကြည့်လိုက်တော့လည်း လူကြီးအရိပ်အယောင်ကို နည်းနည်းမှ မတွေ့ရ။

ရေချိုးခန်းထဲကများ အသံကြားမလားလို့ နားထောင်ကြည့်လိုက်တော့လည်း ဘာသံမှမကြားတာမို့ စစ်ကျွေးရင်တေပူလာသည်။

သွားရှာဖို့အတွက် ထလိုက်တော့ ဘယ်လိုမှမဟန်။အတင်းအားယူပြီး ထကာ ကြမ်းပြင်မှာကျနေတဲ့ ဘောင်းဘီတိုလေးနဲ့ အင်္ကျီကို ကုန်းကောက်လိုက်တော့ နာကျင်မှုက အသက်ပါအောင့်လိုက်ရသည်။

ဝတ်စရာရှိတာ ဝတ်ပြီး ထော့နဲ့နဲ့ ခြေလှမ်းလေးကို နည်းနည်းပိုသွက်အောင်လှမ်းရင်း အခန်းပြင် ထွက်ခဲ့လိုက်သည်။

ထော့နဲ့​ထော့နဲ့နဲ့ လျှောက်လာရင်း ဧည့်ခန်းမှာ ကျကျနနထိုင်နေတဲ့ လူကြီးကိုတွေ့မှ စိတ်အေးကာ ဘေးမှာထိုင်သွားလိုက်သည်။

"အာ့ ကျွတ်ကျွတ် လူကြီးက ဧည့်ခန်းထဲမှာကို"

"အော် မင်းမပြန်သေးဘူးလား"

"ဟင်"

ခပ်ပေါ့ပေါ့ပြောလာတဲ့ လူကြီးစကားကို စစ်ကျွေးနားမလည်လို့ မျက်နှာရှင်းရှင်းကြီးကို မော့ကြည့်လိုက်တော့ ပခုံးတွန့်ပြီး ဆက်ပြောလာသည်။

"မနေ့ညက ကိစ္စအတွက်တော့ ငါမင်းကိုတောင်းပန်တယ်"

"ဒါမဲ့ ငါတို့နှစ်ယောက်လုံးက ယောက်ျားလေးတေပဲလေ ကိစ္စတော့ မရှိပါဘူး ဟုတ်တယ်မို့လား"

ပြောချင်တာတေ စွတ်ပြောပြီး မျက်နှာတော်လေးကို မသိမသာ ကြည့်လိုက်တော့ ဘာမှပြောမလာပဲ တအားအိပ်ထားလို့ မို့တို့တို့လေးဖြစ်နေတဲ့ မျက်လုံးလေးတေက မျက်ရည်တေ တသောသောကြပြီး ကိုယ့်ကို စိုက်ကြည့်နေသည်။

Love The Bad GuyWhere stories live. Discover now