လွန်းလည်း ရိုင်းကို ဆေးတိုက်ပြီးတော့
ကောင်တာ ထိုင်ကာ အားတယ့် အချိန်မှာ
ပုံဆွဲနေမိသည်။"တော်လိုက်တာ ကိုကိုက"
ဘေးနားကနေ
ရုတ်တရက်ထွက်လာတယ့်
အသံကြောင့်
လွန်းထိုအသံပိုင်ရှင်က
ဘယ်သူဆိုတာကိုသိလိုက်သည်။
လှည့်ကြည်စရာပင်မလို
ဒီလိုခေါ်တာ
သေချာပေါက် ရိုင်းဧကရာဇ်ဘဲ ရှိတယ်။"တကယ်လား"
"အွန်း တကယ်ပေါ့ ကိုကိုက အရမ်းတော်တာ"
"ဟားဟား ဟုတ်ပါပြီ
ဒါနဲ့ ဒဏ်ရာက နာနေသေးလား""နာတယ် "
မျက်နှာလေးမဲ့ကာပြောနေတယ့်
ရိုင်းလေးကြောင့် လွန်းသုထက်လည်း
စိတ်ပူသွားသည်။
*ငါ သေချာဂရုစိုက်ရမှာခုတော့
ရိုင်းလေးတော်တော်နာနေပြီထင်တယ်
မိုးအေးထားတော့ပိုဆိုးမှာပေါ့*"လာ ခုံမှာထိုင် ခနနားနေလိုက်ပြီးရင် ဆေးခန်းသွားကြမယ်"
လွန်းသုထက်လည်း ထိုင်နေရာကနေထကာ ရိုင်းကို ထိုင်ခုံမှာထိုင်စေလိုက်ပြီး
"ရိုင်းလေး နောက်ဆို တစ်ခုခုဆို ကိုယ့်ကိုပြောနော် အားမနာနဲ့ တော်တော်နာနေတယ်မလား"
"အွန်း အရမ်းနာတယ်"
ရိုင်းဧကရာဇ်
ကိုကို့ကို စိတ်မပူစေခြင်ပေမယ့်လည်း
ကိုယ့်ကို မေမေနဲ့ဖိုးဖိုးပြီးရင် စိတ်ပူပေးမယ့်
သူရှိလာတာကြောင့် ချွဲနေမိသည်။ကိုကို့ရဲ့ ခါးကိုပါ ဖက်ထားလိုက်ပြီး
ဗိုက်နားမှာ မျက်နှာအပ်ကာ
လက်က နာနေကြောင်းပြောရင်း
ကိုကို့နောက်ကျောဘက်က
စောနက
ကိုကို့ပုံကို ခိုးရိုက်နေတယ့်
ကျောင်းသူအရွယ်ကောင်မလေးတွေကို စိုက်ကြည့်ဖို့လည်း မမေ့လိုက်။လွန်းသုထက်ကတော့
ရင်ခွင်ထဲတိုးဝင်နေတယ့် ရိုင်းရယ့်
ဆံပင်လေးတွေကိုသပ်ပေးကာ"ထတော့ ဆေးရုံသွားကြမယ်"
"ကျွန်တော် ဆေးရုံသွားရတာမကြိုက်ဘူး"
"လိမ္မာပါတယ် ဆေးရုံသွားကျမယ်လေ ပြီးရင် မင်းစားခြင်တာချက်ကျွေးမယ်"
YOU ARE READING
Simple(Complete)
Romanceရိုးရှင်းသော အချစ် ရိုးရှင်းသော အိမ်ထောင်ရေးကိုသာ လိုချင်သော ကောင်လေးတစ်ဦး ရိုးရှင်းသော အချစ် ရိုးရှင်းသော အိမ်ထောင်ရေးကိုသာ လိုချင်သော ကောင်လေးတစ်ဦး