ရိုင်းဧကရာဇ် ကလပ်ထဲသို့ ဝင်လာတာနဲ့
လူအများအပြားက မရှိတော့ကာ
ရန်ဖြစ်နေတယ့် တစ်ဖက်၁၀ယောက်လောက်ရှိတယ့် အဖွဲ့တွေသာ ဆက်ပြီး ထိုးကြိတ်နေကြသည်ရိုင်းဧကရာဇ် ခန့်ဘုန်းသွေးကို ရှာလိုက်တော့ ထောင့်တစ်နေရာမှာ
ထိုင်သာ ကြည့်နေသည်။"အာ ရိုင်းဧကရာဇ် ရောက်ပြီလား"
"ဘာလို့မဆွဲတာလဲ "
မေးငေါ့ကာ ပြောပြလိုက်တော့
ဟိုကောင်ကလည်း ပုခုံးကိုတွန့်ကာ မျက်နှာကိုမဲ့ပြရင်း"ကိုယ့်နဲ့မှ မဆိုင်တာ ဝင်မပါဘူးလေ"
"ဆိုင်က ပစ္စည်းတွေအတွက်ရော"
"သူတို့ လုပ်တာဘဲ သူတို့လျော်မှာပေါ့ ရော့ သောက်ဦး"
"ဒါဆို ငါ့ဘာလို့ခေါ်လဲ"
"ပျင်းတယ်ကွ သစ်ကလည်း အပြင်သွားတယ် မင်းကလည်း လာမှမလာတာကို "
ဟုတ်ပါတယ် ရိုင်းဧကရာဇ် ကိုကိုနဲ့ တွေ့ပြီးတညိးက ကလပ်ကိုမလာတာ
သူရယ့် သပ်သပ်ဝယ်ထားတယ့် အိမ်ကိုတောင် မသွားဖြစ်တာကြာပြီ
ကိုကိုရှိတယ့် နေရာကသာ အနွေးထွေးဆုံး"ငိုင်မနေနဲ့ သောက်ရအောင် ငါ့မှာ ကလပ်ကိုတစ်ယောက်တည်း ဦးစီးနေရတာ ပျင်းစရာကြီး"
လက်ထဲထည့်ပေးလာတယ့် အရက်ခွက်ကို ခနစိုက်ကြည့်လိုက်ရင်း
ငါ သောက်လို့ဖြစ်ပါ့မလား
ကိုကိုကြိုက်ပါ့မလား
နောက်ဆုံးတော့လည်း ရိုင်းဧကရာဇ် ညနေက အကြောင်းများပါ တွေးမိလာကာ
ဒေါသထွက်လာ၍
ခွက်ကိုယူ၍ တစ်ချိုးတည်းသောက်ချလိုက်သည်။ဒီဘက်မှာ စကားပြောနေတုန်း သိပ်မကြာလိုက်ပါ။
ရန်ပွဲပြီးသွားသည် ခန်းမတစ်ခုလုံးလည်း မှန်စတွေနဲ့ ပွပလဲနေကာ တော်တော်ရှပ်နေသည်။ရိုင်းဧကရာဇ်လည်း မတ်တပ်ရပ်လိုက်တာ
"မင်းဘဲ အလျော်တောင်းတော့ ငါပြန်ပြီ "
"ဟေ့ကောင် စောစောစီးစီးပြန်မလို့လား
ဝိုင်အသစ်တွေရောက်နေတယ် မမြည်းတော့ဘူးလား"ရိုင်းတစ်ချက်စဉ်းစားကာ
ဝိုင်တန်းတွေ ဘက်ကို သွားပြီး
နှစ်ချို့ စပျစ်ဝိုင်ကို ယူလိုက်ပြီး
သဘောတကျပြုံးမိသွားကာ
လှည့်ထွက်လာတော့
YOU ARE READING
Simple(Complete)
Romanceရိုးရှင်းသော အချစ် ရိုးရှင်းသော အိမ်ထောင်ရေးကိုသာ လိုချင်သော ကောင်လေးတစ်ဦး ရိုးရှင်းသော အချစ် ရိုးရှင်းသော အိမ်ထောင်ရေးကိုသာ လိုချင်သော ကောင်လေးတစ်ဦး