(Unicode)
"နှစ်ယောက်တစ်ခုံတွဲယူကြမလား "
Tay ကပြောလိုက်တယ်..
"အေ့ကောင်းတယ် "
Krist ကထောက်ခံလိုက်တယ် ..
"ဒီလိုလုပ်ကွာ ဂျူနီယာလေးတွေနဲ့စီနီယာတွေရင်းနှီးသွားအောင် ဂျူနီယာတစ်ယောက်စီနီယာတစ်ယောက်အဲ့လိုလေးတွဲထိုင်ရအောင်"
"ရတယ်လေ မုန့်ပါရင် ကျွန်တော်ကအိုဂေတယ်"
New ကလည်းသူကဘယ်လိုဖြစ်ဖြစ်ရကြောင်းပြောလိုက်တယ်
"ကောင်းသားဘဲ ငါလည်း N'win နဲ့စကားပြောမှာဆိုတော့ အဲ့လိုလေးလုပ်ရအောင် "
(A/N:ကိုကြီး Bright တို့ကနော်ဟင်းဟင်း🌚)
"ဒါဆိုရင် Krist ကဘယ်သူနဲ့ထိုင်မှာလဲ"
"ငါက အင်း.N' singto နဲ့ထိုင်မယ်"(A/N:သိနေတယ် သိနေတယ် ဟင်းဟင်း)
Off ကအသေးလေးနဲ့ထိုင်ဖို့လုပ်လိုက်ပေမယ့်
"ငါက Gun လေးနဲ့ထိုင်လိုက်မယ် Off မင်း New နဲ့ထိုင်လိုက်"
"အင်း(off pov: ဒီဖေ...)"
"ကျွန်တော် P'off နဲ့ထိုင်လိုက်မယ်လေ P'off ကနည်းနည်းအနေအေးတော့ New နဲ့မကိုဘဲဖြစ်လိုက်မယ် ရလား P'tay"
"N'Gun သဘောပါ"
Tay က N'Gun နဲ့ထိုင်ချင်တာပါ ဒီကလေးကလူကောင်သေးသေးလေးနဲ့ ဆရာကြီးဆိုဒ်လေးလဲဖမ်းတော့ ချစ်စရာလေး
ဒါပေမယ့် ငါ့အထင် off က Gun ကိုငါ့လိုစိတ်ဝင်စားနေတယ်လို့ထင်နေတာလဲမသိဘူး ကြည့်ရတာစိတ်ထင်တာဖြစ်မှာပါ
Off လို ဘယ်သူ့ကိုမှဂရုမစိုက်တဲ့သူက Gun ကိုစိတ်ဝင်စားတာမဖြစ်နိုင်ပါဘူး
Gun P'tay ခေါ်တာကိုငြင်းမိသည် ဘာလို့လဲဆိုတော့သူကိုယ်တိုင်သာသိသည်လေ
သူစတွေ့ကတည်းက P'off ကိုစိတ်ဝင်စားနေတာ အင်းး စိတ်ဝင်စားတာပေါ့ အဲ့လူကြီးက P'tay တစ်ယောက်ကလွဲ ဘယ်သူ့ကိုမှအနားသိပ်မကပ်စေချင်သလိုဘဲ.. Gun Gun တို့ကလည်းအဲ့လိုမျိုးမှစိတ်ဝင်စားသည်
(A/N: အမယ်လေးပေါက်စရယ်ဘာတွေမွှေဦးမလို့လဲ🙄)
"ရုပ်ရှင်စတော့မယ် မုန့်သွားဝယ်ကြရအောင်လေ .."