မေလရဲ့ နောက်ဆုံးရက်တစ်ခုပေါ့။
သင်တန်းကအပြန် အလုပ်ခန့်စာဝင်လာတော့ ကျွန်တော့ရင်ထဲပျော်သွားတာပဲ။ ကျောင်းပြီးလို့ အလုပ်လျှောက်သမျှ ၆လတိုင်တဲ့အထိ မရဘဲဖြစ်နေခဲ့တာ။ အခုလို အလုပ်ရပြီဆိုတဲ့အသိက လူကိုပြုံးဖြီးလာစေတယ်။
ကားမှတ်တိုင်မှာ ကားစောင့်နေရင်း မင်းလေးကိုလည်းတွေးမိတယ်။ ခုချိန် မင်းက စာသင်ခန်းထဲမှာ စာသင်နေတုန်းဖြစ်လိမ့်မယ်လို့ပေါ့.....
YBS 78 ကိုစီးရတာ အရင်လို ပျင်းဖို့မကောင်းခဲ့ဘူး။
နောက်နားက လသားအရွယ်ကလေးလေးရဲ့ ဝူးဝူးဝါးဝါးစကားသံသေးသေးလေးကလည်း နားထောင်လို့ကောင်းနေခဲ့တယ်။
ဘေးခုံက အန်တီကြီးရဲ့ သူ့သားကိုဖုန်းဆက်ပြောနေသံဟာလည်း သာယာနာပျော်ဖွယ်.....
"မိုးရွာလာပြီ သားမှတ်တိုင်ထွက်မကြိုနဲ့"လို့ ပြောသံကြားမှ အပြင်ကို သတိထားမိတယ်။လှလိုက်တာ.... ကားမှန်ဘေးကစီးကျနေတဲ့ မိုးရေစက်ကလေးတွေက အဲ့လိုလှမှန်း မသိခဲ့ဘူး။
မသိတာထက် မမြင်တတ်ခဲ့တာနေမယ်...
အရင်က ဒီလိုအခြေနေဆို စိတ်ရှုပ်တတ်တာ ကျွန်တော့အကျင့်ကိုဗျ။ထီးရောင်စုံနဲ့ သွားလာလှုပ်ရှားနေသူတွေကို ကြည့်ရတာကလည်း တစ်မျိုးကြည့်ကောင်းနေပြန်တယ်.....
အရှေ့ခုံက အတွဲရဲ့ တီးတိုးစကားပြောသံ ရယ်သံလွင်လွင်ကလည်း ချစ်စဖွယ်...
နောက်နားက ကလေးအမေလေးရဲ့ 'မိတ္ထီလာ ကန်တော်အောက်က'သားချော့တေးသံကလည်း ဂန္တဝင်တေးသဖွယ် နားဝင်ချိုလို့နေတယ်...
စိတ်၏အနီးဝယ် အလှတရားတွေအပြည့်နှင့် ခပ်မှိုင်းမှိုင်းကောင်းကင်မှာတော့ဖြင့် မင်းပုံရိပ်ပေါ်တယ်....
Saung Oo Ko
{ကဗျာမမည် စာမမည် ကျွန်တော့ စိတ်ခံစားမှုသက်သက်ရယ်ပါ}
YOU ARE READING
စိတ်နှင့်အနီးတစ်ဝိုက်
Non-Fictionအရာရာကိုလှတယ်လို့မြင်နိုင်ဖို့ စိတ်ရဲ့ပျော်ချိန်လေးလိုသလို မင်းရဲ့အကြောင်းလေးလည်းလိုတာပေါ့