2(Zawgyi)

500 32 2
                                    

နောက်နေ့မနက်ကျ ကျနော်တို့နှစ်ယောက်လွန်လွန်ကျူးကျူးတွေဖြစ်ခဲ့ကြတာကို ကျနော့ရဲ့မိဘတွေကော သူ့မိဘတွေကောသိသွားကြတယ်

သူကတော့ ကျနော့်ကိုလက်ထပ်မယ်ဆိုပြီး ပြောခဲ့တယ်

နှစ်ဖက်မိဘတွေကလဲ လုပ်ငန်းပါတနာတွေဖြစ်ပြီး ရင်းနှီးကြသူတွေဆိုတော့ ကျနော်တို့ကိုသဘောတူခဲ့တယ်

မကြာလိုက် လက်ထပ်ပွဲအောင်မြင်သွားပြီး Appaတို့စီစဉ်ပေးတဲ့အိမ်မှာ ကျနောတို့နေရသည် သူကတော့ ကျောင်းဆက်တက် ကျနော်ကတော့ Appaရဲ့လုပ်ငန်းမှာ ဝင်ဦးစီးခဲ့သည် ဒီလို အိမ်ထောင်သည်ဘဝမျိုးမှာ ကျနော့ကို ခြေချုပ်မိစေခဲ့တဲ့ သူ့ကို အမုန်းတွေပိုလာရသည် သူနဲ့မျက်နှာချင်းမဆိုင်ချင်သလို စကားလဲမပြောချင် ဒါကြောင့် အလုပ်ပြီးတိုင်း alcoholကို မူးယစ်အောင်သုံးစွဲပြီးမှ ပြန်လာခဲ့သည်

ကျနော်သိတာပေါ့ အမြဲ အိမ်ပြန်နောက်ကျတဲ့ ကျနော့ကို ပြန်မလာမချင်းထိုင်စောင့်မိပြီး မူးရူးလာရင်ရစ်တတ်တဲ့ကျနော့ကို မငြီးမငြူပြုစုပေးတယ်

တခါတလေ အလုပ်ပင်ပန်းတာကောသောက်တာများသွားလို့ အပြင်းဖျားရင်လဲ တညလုံးမအိပ်ပဲ ကျနော့ဘေးမှာစောင့်ရှောက်ပေး တတ်တဲ့ ကောင်လေး

အမုန်းတရားတွေသာမရှိတော့ရင် ငါလဲမင်းကိုချစ်ကြည့်နိုင်ဖို့ကြိုးစားမိမှာပါ

>>>>>>>>>>>>>>>>
အိပ်ရာကနိုးတော့ ခုံပေါ်မှာ ပျားရည်တခွက်
ဒါကတော့ အရက်နာမကျအောင် သူအမြဲ ပြင်ထားပေးတတ်တဲ့အရာ

တကျိုက်တည်းသောက်ပြီး မနက်စာစားရန်အောက်ဆင်းလာလိုက်သည် ရေချိုးစရာမလိုဘူးလေ သူသန့်ရှင်းပေးထားပြီးသား ကိုယ်လဲအပျင်းကြီးတာနဲ့အတော်ပဲ

"Hyg နိုးပြီလား"

ဘာမှပြန်မပြောပဲ ထမင်းပဲဆက်စားနေလိုက်သည်

Please don't let me shine don't let me down don't let me fly ejae non busotwol~~~~~

"ဟဲလို"
ဝင်လာတဲ့ ဖုန်းကိုကိုင်လိုက်တဲ့အချိန် ကြားလိုက်ရတဲ့ အသံကြီးကြောင့် ဖုန်းကို နားနဲ့ခဏခွာလိုက်ရသည်

More Than Brother Luv(Completed)Where stories live. Discover now