တီ~~~
"Hygပြန်လာပြီထင်တယ်"အပြန်နောက်ကျလို့စိတ်ပူနေတာ Hygရဲ့ကားသံကြားမှ Jung Hoseokတယောက်စိတ်အေးရတော့သည်
ယိုင်တိုင်တိုင်ဖြင့်အိမ်ထဲဝင်လာတဲ့ Hyg
"Hyg သောက်လာပြန်ပြီလား"
"ငါ့ဟာငါ သောက်တာမင်း$ပူပါလား လွှတ်စမ်းငါ့ကို"
ကျနော်တွဲပေးတာကို မခံပဲအတင်းဖယ်ချနေတဲ့ Hygကို စိတ်မရှည်နိုင်တော့တဲ့ ကျနော်ကပဲပွေ့ချီကာ အပေါ်ထပ်အခန်းထဲ ခေါ်သွားလိုက်တော့ သည်
"Yarr Jung Hoseokဒါတွေအကုန် မင်းကြောင့် မင်းမကောင်းလို့ ငါ့ကို အတင်းသိမ်းပိုက်ခဲ့လို့ ဖြစ်ရတာ ငါ့အပေါ်ယုတ်မာခဲ့တဲ့ မင်းကို ငါသေလောက်အောင်မုန်းတယ် ငါ့မှာတော့ မင်းကို ညီလေးတယောက်လို ချစ်လိုက်ရတာ မင်းကတော့ ငါ့ကို မတရားကြံတယ်
မင်းကိုငါမုန်းတယ် မင်းကြောင့် ငါမနေချင်တဲ့ အိမ်ထောင်သည်ဘဝကို ငါရောက်ခဲ့ရတာ ငါလွတ်လပ်မှုတွေ ပျောက်ဆုံးကုန်ပြီ အ့တာအားလုံး အ့နေ့ညက မင်းရဲ့လုပ်ရပ်ကြောင့်ပဲ ငါမင်းကိုဒီတသက်ပြန်မချစ်ပေးနိုင်တော့ဘူး လုံးဝပဲ"
hygရဲ့စကားက ရင်ကိုအစိမ်းလိုက်ခွဲသလိုနာကျင်ရပေမဲ့ ကျနော်ခံနိုင်ရည်ရှိနေပါပြီ Hygရယ်
အရာအားလုံးကကျနော့အပြစ်တွေချည်းဆိုရင်တောင်ဒါက Hygကိုမဆုံးရှုံးချင်တဲ့ ကျနော့အတ္တကိုပဲ အပြစ်တင်ရမယ်
"အဲ့ဒီညက Hygကို ဆေးခတ်ခဲ့တာကျနောမဟုတ်ဘူး"
ဒါကိုတော့ အိပ်ပျော်နေတဲ့ Hygတယောက်ကြားနိုင်တော့မည်မထင်
ကျနော်လဲ Hygကို သန့်ရှင်းရေးလုပ် အင်္ကျီလဲပေးပြီး စောင်သေချာခြုံပေးကာ ကိုယ့်အခန်းထဲ ကိုယ်ဝင်လာလိုက်တော့သည်
ဒီရက်ပိုင်း စာတွေပိနေလို့ ပင်ပန်းသည်
ကျနော့်ထက် တနှစ်ကြီးတဲ့ Hygကတော့ ကျောင်းအရင်ပြီးကာ သူ့အဖေရဲ့ လုပ်ငန်းကိုဝင်ဦးစီးနေပြီလေ အဲ့တာက ကျနော့်ကြောင့် ဆိုလဲမမှားဘူးပေါ့ဗျာ အိမ်ရဲ့ဝင်ငွေကို မရှာနိုင်သေးတဲ့ ကျနော့်အစား Hygကပဲ ရှာပေးနေရသည်ဒါကြောင့် ကျောင်းမြန်မြန်ပြီးအောင်လုပ်ပြီး Appaကုမ္ပဏီမှာ ဝင်လုပ်မယ် Hygကိုအရင်လို လွတ်လွတ်လပ်လပ် နေနိုင်အောင်ထားမယ်
ကျနော်နဲ့ အိမ်ထောင်မကျခင်ကဆို Hygက သူ့စိတ်ကြိုက်နေသည်အမြဲတယောက်တည်းပဲ လူတိုင်းကိုလဲ ခပ်ချေချေပဲ ဒါမဲ့ ကျနော့်ကိုတော့ ညီလေးတယောက်လိုခင်တွယ်သည် ဒါကိုမှ စည်းကျော်ချင်ခဲ့တဲ့ ကျနော့ကို Hygတယောက်မုန်းတာမဆန်းပါဘူးဗျာ ကိုယ့်အပြစ်တွေပဲ
Hygကကျနောနဲ့ရပြီးထဲက အမြဲမူးရူးပြီး အိမ်ပြန်လာသည် ကျနော့ပေါ်နာကျည်းမှုတွေကို အရက်ဆိုတဲ့အရာနဲ့ကုစားနေတယ်ထင်ပါရဲ့ဗျာ
hygကမူးလာတဲ့ပုံစံက တကယ်တော့ချစ်ဖို့ကောင်းတယ်ဗျ ကြောင်ပေါက်လေး
Hygရဲ့စကားတွေကြောင့်နာကျင်ရပေမဲ့ ချစ်ဖို့ကောင်းတဲ့hygပုံစံကိုတော့ ဘသူ့ကိုမှမပြချင်
အရက်တွေထပ်မသောက်တော့ရင်ကောင်းမယ် hygရာ~~~.
.At Yoongi's side,
ဒီကောင်လေးက အရင်ကတော့ ကျနော်ညီလေးတယောက်လိုချစ်ရသူပေါ့ဗျာခုတော့ ကျနော့် ယောက်ျားတဲ့ အဟက် ကံကြမ္မာက တကယ်ဟာသပဲ
ဘယ်သူနဲ့မဆို ခပ်ချေချေနေတတ်တဲ့ကျနော်က ဟာသတွေပြောတတ်တဲ့ သူနဲ့ဆို ရီမောနေမိသည် အတောက်ပဆုံး အပြုံးတွေကို ပေးနေမိသည် ကျနော့်ဘက်ကတော့ ဖြူဖြူစင်စင်ပဲဆိုပေမဲ့ ဒီကောင်လေးကတော့ အရောင်တွေဆိုးနေခဲ့တာပဲ
အဲ့ဒီနေ့ ကျနော့အတွက်စာမေးပွဲနောက်ဆုံးရက်မှာ သူကျနော့ကို ဖွင့်ပြောခဲ့တယ်
ညီလေးတယောက်ထက်မပိုနိုင်တဲ့အကြောင်းပြောကာငြင်းခဲ့ပေမဲ့ စဉ်းစားပေးဖို့ပြောပြီးထွက်သွားသည်
မင်းမှားနေပြီSeokieလို့ ထောက်ပြချိန်တောင်မရလိုက် အ့ဒီနေ့ညမှာပဲ သူကျနော့ကို မတော်မတရားကြံခဲ့တယ်
ဒီလိုတွေဖြစ်လာမယ်မှန်းသိခဲ့ရင် အ့ဒီနေ့ညကပါတီပွဲကိုကျနော်သွားခဲ့မှာမဟုတ်ဘူး
သူ့ရဲ့သူငယ်ချင်းတယောက်က အတင်းလာဖို့ဖိတ်နေတာရယ် Hoseokလဲလာမှာဆိုပြီး သူပြောသွားတာကြောင့်ရယ်
ဘာရယ်မဟုတ် Seokie အသောက်မလွန်အောင်ထိန်းရမယ်ဆိုပြီး သွားလိုက်မိခြင်း
ESTÁS LEYENDO
More Than Brother Luv(Completed)
Fanfic{completed} Hygထားထားတဲ့ ညီအကိုဆိုတဲ့စည်းကိုကျော်ပြီး အရောင်တွေဆိုးခဲ့မိတဲ့ ကျတော့်ကို Hygစိတ်ကြိုက်မုန်းပါ Hygထားထားတဲ့ ညီအကိုဆိုတဲ့စည်းကိုကျော်ပြီး အရောင်တွေဆိုးခဲ့မိတဲ့ ကျတော့်ကို Hygစိတ်ကြိုက်မုန်းပါ (My first fanfiction creating Sorry for not p...