#Zawgyi
...............................
မင်းသစ်ကိုကို pov:
အချိန်အားဖြင့် ညနေ၅နာရီ၁၅မိနစ်လောက်ရှိမည်။...ရန်ကုန်မြို့ရဲ့ ကားမှတ်တိုင်းလေးမှာ မိုးရွာနေတဲ့အချိန် အမိုးအောက်လေးထဲမှာ သူစာသင်ရမယ့်ကလေးရဲ့အိမ်ရောက်ဖို့ကို စိတ်လောနေမိတဲ့သူတစ်ယောက်။....
မင်းသစ်ကိုကို တစ်ယောက် ဒီနေ့အချိန်ပိုင်းအလုပ်ကပြန်တာနောက်ကျတာကြောင့် သူစာသင်ရမယ့် ကလေးရဲ့အိမ်သွားဖို့နောက်ကျနေခြင်း... ဒီကြားထဲလမ်းမှာ မိုးရွာနေတာကြောင့်နောက်ထပ်လာမယ့် ကားကိုမှတ်တိုင်နားက အမိုးအောက်မှာစောင့်နေခြင်း။......
ဟုတ်ပါတယ် ကိုကို က guideဆရာတစ်ယောက်ပါ သူအားတဲ့အချိန်လေးတွေကျရင်တော့ coffee cafeမှာ စားပွဲထိုးဝင်လုပ်လေ့ရှိတယ်။...
ကိုကို့အိမ်မှာ မိသားစု ၃ယောက်ဘဲရှိသည် ။...ကိုကိုရယ် ကိုကို့အမေ ဒေါ်နန်းကေသီရယ် ကိုကို့ ညီလေး ခေတ်သစ်ညီရယ်ပေါ့ ။...
ကိုကို့အဖေက ရှိပါသေးတယ် ဒါပေမယ့် ကိုကို၁၅နှစ် အရွယ်လောက်ထဲက သူတို့ သားမိတွေကိုထားခဲ့တာကြာပါပြီ...အကြောင်းအရာကဒီလို...
လွန်ခဲ့တဲ့၉နှစ်လောက်ကဖြစ်လိမ့်မည်။...ကိုကိုတို့မိသားစုက လေးယောက်လုံး အကုန်ပျော်ရွှင်စွာနေထိုင်ကြတဲ့ မိသားစုလေးပေါ့...
တစ်နေ့မှာ ကိုကိုကျောင်းပြန်ဖွင့်တဲ့ရက်မှာ ကျောင်းမသွားခင် နေထိုင်လို့ လုံးဝမကောင်း မအီမသာနဲ့ဖြစ်နေတာ ။ ကိုကိုကလည်းဒီတိုင်းနေမကောင်းတာထင်ပြီးကျောင်းသွားလိုက်သည်။.... ကျောင်းကပြန်လာတော့ ခေတ်သစ် လေးကိုတောင်မစောင့်ဘဲ မေမေစီ အပြေးဝင်လာတဲ့ မင်းသစ်ကိုကို ဟာတစ်ခုခုကို ပြောဖို့အလောကြီးနေသရောင်။...."ဟဲ့ သားကြီး ဘာလို့ပြေးလာတာတုန်း ပြုတ်ကျမှ ဖြင့်ကွယ် ညီညီကို လည်းစောင့်လိမ့်ပါဦး သားရယ်"
"သားပြောစရာရှိလို့ မေမေရဲ့"
အဲ့အချိန်မှာ ကိုကို့ ရဲ့ ဖေဖေ ဦးညီသစ်ကိုနဲ့ ခေတ်သစ်ညီ ကဝင်လာပြီး...
"ဘာများပြောမလို့လဲ သားကြီးရဲ့" ဆိုပြီး ကိုကို့ဖေဖေက ပြောလိုက်သည်။....
![](https://img.wattpad.com/cover/271979167-288-k255926.jpg)
ESTÁS LEYENDO
မောင့်လိပ်ပြာငယ် မောင့်လိပ်ပြာငယ် 🦋(Little Butterfly)🦋
Romanceရက်၊ လ၊ နှစ်တွေဘယ်လောက်ဘဲကြာနေပါစေ မောင့်လိပ်ပြာလေးကို မောင်ကအမြဲတမ်းဖမ်းဆုတ်နိုင်ဖို့ကြိုးစားမှာပါ🦋 ရကျ၊ လ၊ နှစ်တွေဘယ်လောက်ဘဲကြာနေပါစေ မောင့်လိပ်ပြာလေးကို မောင်ကအမြဲတမ်းဖမ်းဆုတ်နိုင်ဖို့ကြိုးစားမှာပါ🦋