#Zawgyi
..........................
university ကျောင်းကြီးရဲ့ ကန်တင်းတစ်နေရာ၌ လူများစွာဝိုင်းအုံနေကြသည်။ အကြောင်းမှာကား လွှမ်းဘုန်းမြတ်မောင် ဆိုသည့်ကောင်လေးနှင့် ဇမင်းသက်မောင် ဆိုတဲ့ကောင်းလေးနှစ်ယောက် စကားများနေကြခြင်းပင်။
"ဟဲ့ ကန်တင်းဘက်သွားကြည့်ပြီးပြီလား မောင်နှစ်မောင် ရန်ဖြစ်နေကြတယ်"
"ဖြစ်ကြပြန်ပြီလား ဒီတစ်ခေါက်ကော နှင်းပွင့်ရတနာ ကြောင့်ဘဲလား"
"အေးမြန်မြန်လာသွားကြည့်ကြမယ်"
.................
"ခွပ်"
လွှမ်းဘုန်းမြတ်မောင် ကန်တင်းမှာထမင်းစားနေတုန်း ပါးကိုလာထိုးတဲ့သူကြောင့်လှည့်ကြည့်လိုက်တော့ ဇမင်းသက်မောင် ဖြစ်နေသည်။ထမင်းစားနေတာကြောင့် သတိလက်လွှတ်ဖြင့်ထိုးမိခံရခြင်း
"ဟေ့ကောင်မင်းဘာကိစ္စငါ့ကိုလာထိုးရတာလဲ"
"အေး မင်းငါ့ညီမကိုမနက်ကကျောင်းကလူတွေအရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်းပြောလွှတ်လိုက်တယ်ဆို"
"သြော် စောက်ရှက်မရှိတဲ့ကောင်မလို့ပြောလိုက်လို့လာတာပေါ့ အဟက်!"
"မင်းစောက်ပါးစပ်ကငါ့ညီမကိုအဲ့လိုထပ်မပြောနဲ့ တောက်!"
"အေးပြောတော့-ိ့ဖြစ်လားကွာ အပြောမခံချင်ရင် မင်းညီမကိုငါ့နားမကပ်ခိုင်းနဲ့လေ သူ့ကိုကြည့်တော့ ကိုယ့်ညီမကိုကောင်မပြောနိုင်ဘဲ ငါ့ကိုလာမပြောနဲ့ဟေ့ယျောင်"
"တောက်! ကဲကွာ"
"ခွပ်"
ကန်တင်း၌မောင်နှစ်မောင်၏ရန်သတ်ပွဲသည်ပိုပြင်းထန်လို့လာသည်။ ဘယ်သူမှမှလည်းသူတို့နှစ်ယောက်ကိုဝင်မဆွဲကြ၊ ဝင်မဆွဲရဲတာဆိုပိုမှန်လိုက်မည်။
နောက်တော့မှကျောင်းသားတစ်ယောက်ကနေကျောင်းအုပ်ကြီးကိုသွားခေါ်ပြီးပွဲပိတ်ရတော့သည်။"ဟေ့ တော်ကြစမ်း မင်းတို့နှစ်ကောင် ငါ့ရုံးခန်းထဲလိုက်ခဲ့၊ ကျန်တဲ့ကျောင်းသားတွေ ကိုယ့်အတန်းကိုယ်ပြန်ကြတော့ ကျောင်းတက်တော့မယ် ကဲကဲသွားကြ လာလိုက်ခဲ့မင်းတို့နှစ်ကောင်!"
YOU ARE READING
မောင့်လိပ်ပြာငယ် မောင့်လိပ်ပြာငယ် 🦋(Little Butterfly)🦋
Romanceရက်၊ လ၊ နှစ်တွေဘယ်လောက်ဘဲကြာနေပါစေ မောင့်လိပ်ပြာလေးကို မောင်ကအမြဲတမ်းဖမ်းဆုတ်နိုင်ဖို့ကြိုးစားမှာပါ🦋 ရကျ၊ လ၊ နှစ်တွေဘယ်လောက်ဘဲကြာနေပါစေ မောင့်လိပ်ပြာလေးကို မောင်ကအမြဲတမ်းဖမ်းဆုတ်နိုင်ဖို့ကြိုးစားမှာပါ🦋