❤ Forever Love❤ (Zawgyi)

400 44 2
                                    

❤ Forever Love ❤

ဖြေးဖြေးနဲ့ပုံမှန်သာမောင်းနှင်လာသော အနက်ရောင် ကားလေးတစ်စီး ။

အဆောက်အအုံကြီးတစ်ခုရှေ့ရပ်သွားတာနဲ့ ကားနောက်ခန်းမှ တံခါးလေးအရင်ပွင့်လာကာ ကလေးငယ်တစ်ဦးဆင်းလာသည် ။

YADANAR PRIVATE HIGH SCHOOL

"ရတနာကိုယ်ပိုင်အထက်တန်းကျောင်း"

ကျောပိုးအိတ်ကိုင်းလေးကို တစ်ဖက်စီကိုင်လျက် တီးတိုးရေရွတ်လိုက်ကာ ၊ နီရဲရဲ နှုတ်ခမ်းလေးက စူပုတ်ပုတ် ။

"သားလေး သဘောမကျဘူးလား"

ကားပေါ်မှဆင်းလာတဲ့ ကလေးငယ်ရဲ့ဖခင်ဖြစ်သူနဲ့မိခင်ဖြစ်သူက တစ်ဖက်စီမှရပ်ကာ ၊ ခပ်အုပ်အုပ်ဖြစ်နေသော ကလေးငယ်ရဲ့ လိမ္မော်ဖျော့ဖျော့ရောင် ဆံသားနုနုလေးတွေကိုထိုးဖွရင်းမေးသည် ။

ထိုဆံသားလေးတွေက မွေးကထဲကထိုအတိုင်းသာ ဖြစ်ပြီး မပြောင်းလဲပေ ။ ဖြူဖြူသေးသေးလေးဆိုပေမယ့် ပါးဖောင်းဖောင်းလေး ၊ နှာခေါင်းလုံးလုံးလေးနဲ့ ၊ မျက်လုံးဝိုင်းဝိုင်းလေးက ကြည့်မိတဲ့သူတိုင်းကိုအသဲယားစေတာအမှန်။

"ကျောင်းက အကြီးကြီးပဲ"

ဟိုကြည့်ဒီကြည့်နဲ့ စူးစမ်းနေတဲ့ကလေးငယ်လေးက သိပ်တော့မကြိုက်သည့်ပုံပဲ ။ အင်းလေ မိဘတွေကအစိုးရဝန်ထမ်းမလို့ လိုက်ပြောင်းရရင်း သူပြောင်းခဲ့တာ ဒီကျောင်းက ၄ ကျောင်းမြောက်။

"နောက်ဆို သားဒီကျောင်းမှာပဲတက်ရတော့မှာ"

"သေချာလား မား"

"သား"

"နောက်တစ်ခါ ပါးအလှည့်လားလို့လေ"

ကလေးငယ်မေးလည်းမေးချင်စရာ ၊ မိဘနှစ်ယောက်က အလှည့်ကျ တစ်နှစ်စီ ပြောင်းနေခဲ့တာမဟုတ်လား ။

"ညနေ ပါးပါးလာကြိုမယ်နော်"

ကလေးငယ်က သူ့ထမင်းချိုင့်ခြင်းလေးထဲမှ မုန့်ထုပ်အချို့ကိုကြည့်လိုက်သည် ။ များတယ် ညနေစောင့်နေရင်းစားဖို့ပါပါတယ်ထင်ပါ့ ၊ ဘာမှမပြောတော့ဘဲခေါင်းငြိမ့်ပြလိုက်တော့ သူ့အားလက်ဆွဲကာ ကျောင်းထဲဝင်လိုက်ကြသည် ။

❤ Forever Love ❤ (One Shot)Where stories live. Discover now