Unicode Only
"မန္တလေး-ပဲခူး-ကျိုက်ထို-မော်လမြိုင် ဗျို့ "
"ခုတက်ရင် ခုတန်းထွက်မှာနော်"
လူတွေကားပေါ်တက်ဖို့အရေးဟုတ်၏မဟုတ်၏လျှောက်အော်ပီးလောကွတ်ခေါ်ကာအော်နေကြသည်။
ဘူတာကြီးရှေ့ လိုင်းကားရှာနေရင်းကြားရတဲ့အသံတွေကအတော်လေးဆူညံလို့
"ညီလေး ညီလေးဘယ်သွားမှာတုန်း"
အားကောင်းမောင်းသန်နဲ့လူကြီးကသူ့ကားပေါ်တက်ဖို့အရေးလာဆွယ်ပုံပဲ
"ပဲခူးသွားမှာဗျ"
"ပဲခူးဆို အကိုတို့ကားပဲငါ့ညီရေ
ငါ့ညီတက်တာနဲ့လူပြည့်ပီ တန်းထွက်ရုံပဲ"ထိုအကိုညွှန်ပြရာကားနေရာကြည့်လိုက်တော့ လူကကျွန်တော်တက်လိုက်ရင် ပြည့်ပီ။တန်းထွက်မဲ့ပုံပဲမလို့ ခေါင်းညိမ့်ကာလက်ခံလိုက်သည်။
ကားပေါ်ရောက်တော့ထိုစပါယ်ရာ အကိုကြီးကပဲပိုက်ဆံလိုက်ကောက်သည်။
"ပဲခူးမှာ ဆင်းရင် ၁မတ်"
"ပဲခူးကနေ ကျိုက်ထိုဆင်းရင် ၁မတ်နဲ့၁၅ပြား"အားနဲ့အော်ကာပိုက်ဆံကောက်နေသည်က လိုင်းကားနောက်တွဲကျဉ်းလေးထဲ
နောက်ဆုံးအစွန်နေရာရောက်သည့်ကျွန်တော့်နားရောက်တော့
"ပဲခူးလား ကျိုက်ထိုလားငါ့ညီ"
"မော်လမြိုင်ထိဆိုက်တယ်မလားဗျ"
"အဆင်မပြေဘူးငါ့ညီရေနှစ်ရက်မောင်းရမှာ အဲ့ထိမဆိုက်ဘူး
ကျိုက်ထိုတောင်အကိုတို့သန်းခေါင်ကျော်တဲ့ထိမောင်းရမှာ နောက်နေ့မနက်အစောဒီအချိန်လောက်ပဲစိုက်မှာကွ""အဲ့တာဆိုလည်းကျိုက်ထိုပေါ့ဗျား
ရော့ဒီမှာ၂မတ် ပိုတာပြန်မအမ်းနဲ့တော့ဗျား"အိတ်ထဲကမတ်စေ့လေးထုတ်ပေးလိုက်တော့ဝမ်းသာအားရနဲ့ယူသွားတဲ့ထိုလူက ကားနောက်ကိုခေါင်းထွက်ပီးကားခေါင်းရှေ့သို့စိုက်ကာအော်လိုက်သည်။
"ဗျို့ ကား ဆရာရေထွက်မယ်ဗျို့"
အော်လိုက်တာနဲ့မကြာဘူး ကားကလည်းထွက်တော့သည်။