"ပေးပေးကျွန်တော့်ကိုအကို့အထုပ်တွေ"လက်ထဲကအထုပ်တွေဆွဲပီးတစ်ဖက်လမ်းကိုကူးသွားတာမလို့အနောက်ကနေလိုက်ရပြန်သည်။
ခြံတံခါးဖွင့်နေရင်းခန္ဓာကိုယ်သေးသေးလေးကတုန်နေသေးတယ်။ တယ်..ဒီကောင်လေးအနွေးထည်အပါးလေးနဲ့။
ပြာသိုလကအအေးဓာတ်တွေဝင်ရောက်လို့ဆောင်းလယ်တောင်ရောက်နေပီမဟုတ်လား။ဒါကိုဒီပေါက်စအနွေးထည်အပါးလေးနဲ့စောစောစီးစီးသူ့ကိုလာကြိုမဲ့ပုံ။
သူသာကားဂိတ်မှာရပ်ပီးဂိတ်ဆုံးရင်ဒီပေါက်စဒီလိုပုံစံနဲ့လာမယ်ထင်။
"မင်းညီလေး"
"ဗျာ အကို"
"အနွေးထည်အပါးလေးဝတ်ထားတာလား"
"ဟင်"
ကျွန်တော်ပြောခါမှ သူ့ကိုယ်သူပြန်ကြည့်မိတဲ့ပေါက်စနှယ်။
"အော် မနက်ကနိုးတော့ ခေါင်းရင်းနားချွတ်ထားတဲ့အနွေးထည်လေးကောက်စွပ်လိုက်တာပါဗျ"
ပြောနေတာကစပ်ဖြဲဖြဲလေးနဲ့ဆက်ပြောသည်က
"မအေးပါဘူး အကိုရဲ့ ဆွယ်တာလေ အဖေဘိလပ်ကပြန်လာတော့ဝယ်လာတာ အတွင်းပိုင်းမှာ ဂွမ်းသားပါတယ်ဗျ နွေးတယ် ဟီးဟီး"
"ဒါဆိုလည်းပြီးတာပဲ"
"လာလေ အကိုအထဲဝင်မယ်"
ပြောရင်းဆိုရင်းခြံတံခါးဖွင့်ပြီးဝင်သွားသူလေးကြောင့်နောက်မှအသာအယာလိုက်ရင်းအိမ်ထဲကိုဝင်ခဲ့တော့သည်။
_________
"အမေရေ အမေ"
"ဝေ ညီမောင်ရေ ဘာတုန်း"
"ဧည့်သည်လာပါတယ်ဗျ"
ထိုစကားက ညီမောင်ပြောခြင်းမဟုတ် ဗညားကြားဖြတ်ဝင်ပြောလိုက်ခြင်း
"ဟယ် .... သား ဗညားမလား ဟယ်တော်ကြည့်စမ်းပါဦးတော့် ဗညားရယ် လူကြီးလူကောင်းလူပျိုကြီးပါလားတော့်"
အကို့ကိုမြင်တော့ အမေကတစ်အံ့တစ်ဩနဲ့ ရေရွတ်သည်။
"ဟုတ်ကဲ့ခမျ အန်တီစံပယ် ကျွန်တော်ဗညားပါဗျားး"