နေ့လည်တစ်ရေးတစ်မောအိပ်ပြီးနိုးပြန်လာတော့ညနေတောင်ရောက်ပြီဖြစ်သည်။ နည်းနည်းထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေသေးသည်မလို့ ဘေးစားပွဲပေါ်မှာ မင်းညီလေး အသင့်ချပေးထားတဲ့ရေကို ဖန်ခွက်ထဲထည့်သောက်လိုက်သည်။ထိုအခါမှထိုင်းမှိုင်းနေတာတွေပျောက်သွားသလို။
အိမ်အောက်ထပ်ကိုဆင်းသွားတော့ တစ်အိမ်လုံးတိတ်ဆိတ်လို့။ဧည့်ခန်းထဲဝင်ကြည့်တော့လည်းဘယ်သူမှမရှိပြန်။ခြံတံခါးရှေ့ထွက်ကြည့်တော့လည်းတိတ်ဆိတ်လို့။ငယ်ငယ်တည်းက ဒီအိမ်ကြီးနဲ့အကျွမ်းတစ်ဝင်ရှိလို့သာအိမ်အနေအထားကိုသိနေတာမလို့တော်သေးသည်။
အိမ်နောက်ဘက်ကို ခြေလှမ်းမိတော့ အနောက်ကနေကုတ်ကုတ်ကုတ်နဲ့ထွက်လာသည့် မင်းညီလေးနဲ့တည့်တိုးသည်။
"ဟောဗျာ!!မင်းညီလေး ပေတူးနေတာပဲ ဘာတွေလုပ်လို့တုန်း"
"အိမ်နောက်ဖေး မီးသွေးတွေ နေရာချနေတာ ဒီနေ့လပြည့်နေ့ဆိုတော့အလုပ်သမားတွေမရှိလို့လေဗျ ဟီးဟီး"
ချစ်စဖွယ်မျက်နှာနဲ့မျက်နှာချိုသွေးပြီးပြောနေပုံက မီးသွေးမဲမဲတူးတူးလေးတွေပေပေတူးတူးနဲ့ချစ်စရာအတိ
"မင်းညီရာ အကို့ကိုတော့မပြောဘူး"
တစ်ဖြန်ဆူပူသလိုလေးပြောမိတော့
မီးသွေးတောထဲလျှောက်ဆော့ထားတဲ့ကြောင်ပေါက်စအတိုင်းမာန်ဖီလို့စကားကထပ်ပြောလာသေးသည်
"အကိုကခရီးပန်းလို့အိပ်နေတာကို ကျွန်တော်ကဘာလို့နှိုးရမှာတုန်းဗျ"
"...."
"တော်ပြီ လာလာ အကိုအထဲဝင်မယ်
ဒီနေ့လပြည့်နေ့ဆိုတော့ ညဘက် ဘုရားလိုက်ပို့မယ်နော်""အင်း...အန်တီတို့ရော"
"မေမေရော အဖေရော အထွေးလေးတို့ရောက အကိုအိပ်တည်းက ဘုန်းကြီးကျောင်းကိုသွားကြပြီဗျားး ကဲပါကြာတယ်ဗျ ရေချိုးပြီးအဝတ်လဲတော့ ကျွန်တော်လည်းသွားပြီးရေချိုးလိုက်ဦးမယ်"
"ဒါနဲ့..."
"အင်းးပြောလေအကို"
"ရေကအတူတူချိုးမှာလားမင်းညီလေးကကိုယ်နဲ့အတူတူ"