ဂျော်လာ ပြည်နယ် ဂွမ်ဂျူ မြို့တွင် ဖြစ်သည်။
မြို့တော်မဟုတ်ပေမဲ့ စိုက်ပျိုးရေး၊ စီးပွားရေး အချက်အချာ မြို့ ဖြစ်တာမို့ စစ်ပွဲဒဏ် ၊ ကျူးကျော်ဒဏ် ခဏခဏ ခံရသည်။Jun 14, 1980
ဂွမ်ဂျူတော်လှန်ရေးအပြီးကာလမို့ ခေတ်ပျက်နဲ့ကြုံနေရသော အချိန်ပင်ဖြစ်သည်။
တစ်မြို့နှင့်တစ်မြို့မှာ ဆက်သွယ်သွားလာရေး နှောင့်နှေးဆဲ
တော်လှန်ရေးမှာငြိမ်သက်သွားပေမဲ့ မြို့ထဲမှာ စစ်သားတွေ နေရာယူထားဆဲ
လျှပ်စစ်မီးကို အချိန်ပြည့်မရရှိတာမို့ ညပိုင်းတွေမှာ မီးအိမ်လေးကို အားပြုရသည်။
ညတိုင်းဟာ တိတ်ဆိတ်သလို ခြောက်ချားစရာ အတိ။
တော်လှန်ရေးပြီးကတည်းက မနက်ခင်းတိုင်းကို အသုဘ သတင်းဖြင့် အစပြုရသည်မှာ ၂ပတ်လောက်ရှိပြီဖြစ်သည်။ဒီနေ့မနက်လည်း...
"Woobinnie hyung..!! Woobinnie..မနေ့က ကျွန်တော်နဲ့ ဈေးမှာစကားပြောခဲ့တဲ့ မယ်ဘုံ အာကျူရှီးလေ.." မနက်ပိုင်း လမ်းလျှောက်ထွက်ရာကနေ ပြန်လာတဲ့ မင်ဟီးက မနက်စာပြင်နေသော ဝူဘင်းကို အမောတကောနှင့်ပြောရှာသည်။"အွန်း မင်ဟီး ဘာဖြစ်လို့လဲ"
"မနက်ကပဲဆုံးသွားပြီတဲ့"
စားပွဲပေါ်သို့ ချလက်စ ကြွေပန်းကန်ပြားတွေမှာ လွတ်ကျသွားသည်၊ အင်အားသိပ်မပြင်းတာမို့ မကွဲသော်လည်း ပန်းကန်ထဲမှ ကင်ချီထမင်းကြော်အချို့မှာ စားပွဲပေါ်ကို ဖိတ်စင်သွားလေသည်။"ခါတိုင်းလိုပဲ... ဦးနှောက် ဖောက်ခံထားရတယ် တဲ့" အသံလေးမှာ တိမ်ဝင်သွားတာမို့ ဘယ်လောက်စိတ်မကောင်းဖြစ်နေလဲဆိုတာ သိသာသည်။ တော်လှန်ရေးကာလ ပြီးရင် အခြေအနေတွေအေးချမ်းသွားမယ် ထင်ခဲ့ပေမဲ့ နေ့တိုင်းကြားရတဲ့ သတင်းကြောင့် စိတ်ထိခိုက်ရသည်။ တစ်နေ့ထက် တစ်နေ့ ဘာမှလုပ်မပေးနိုင်ဘဲ မြို့ထဲ လူသေတာကိုပဲစောင့်နေရတဲ့ ဘဝကြောင့် ပိုပြီးပင်ပန်းရသည်။ ညတိုင်းကို ကြောက်စိတ်နဲ့ ရှင်သန်ရပြီး မနက်ခင်းတိုင်းကို ဝမ်းနည်းခြင်းတွေနဲ့ နိုးထရသည်။ အခွင့်သာရှိအုံးမည်ဆိုလျှင် ညတိုင်းအပူအပင်ကင်းကင်းနှင့် အိပ်စက်ပြီး မနက်ခင်းတိုင်းကို ပျော်စရာများနှင့်နိုးထချင်သေးသည်။
YOU ARE READING
𝗖𝗥𝗔𝗩𝗜𝗧𝗬 𝘖𝘕𝘌 𝘚𝘏𝘖𝘛𝘴
FanficCRAVITY OT9 ONE SHOT FICTIONS written in Burmese ဇာတ်လမ်းဇာတ်ကွက်များသည် author၏ စိတ်ကူးယဥ်ပုံဖော်မှုသက်သက်သာဖြစ်ပါသည်။