Part 5

12.3K 1.6K 91
                                    

ဆူရာ နဲ့ အတန်းတစ်ခုတည်း အတူတူတက်ဖြစ်ခဲ့သည်။ သူက အရင်ကကိစ္စတွေကို ပြန်မပြောပဲ သက်တောင့်သက်သာ အနေအထားတစ်ခုဖြင့် ရှိစေတဲ့ သဘောထားကြီးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါသည်။

ဆူရာဆီက အကူအညီတွေအများကြီး ယူခဲ့တာမဟုတ်ပါလား။

"Taehyung ဘယ်ဟာကို Main Major ယူမှာလဲ ဒုတိယနှစ်ဆိုရင် မေဂျာအတိအကျရွေးရတော့မယ်လေ"

"သေချာမစဉ်းစားရသေးပေမယ့် entertainment journalism ယူမယ်လို့ တွေးထားတယ် နင်ရော"

"ငါက Broadcast Journalism... "

"အင်း နင်နဲ့လိုက်ပါတယ် ငါက Camera ကြောက်တယ်"

"စာမေးပွဲအတွက် အားယူဖို့ တစ်ခွက်လောက်သောက်မလား"

"ဟင်"

"စာမေးပွဲမစခင် စိတ်ကို Relax လုပ်ရမယ်လေ "

"အော် အင်း အင်း ငါကျွေးမယ် သွားကြတာပေါ့"

ဆူရာက တက်တက်ကြွကြွနဲ့ သောက်ဖို့ ခေါ်လာတော့ မငြင်းဖြစ်လိုက်တော့ ကျနော်တို့ အနီးနားက စျေးသက်သာတဲ့ လမ်းဘေးဆိုင်သေးလေးမှာ ထိုင်ဖြစ်ကြပါ၏။

ဆူရာက ကျနော်ဝယ်တိုက်မယ်ဆိုတော့ စျေးသက်သာတဲ့ဆိုင်ကို တမင်ရွေးလိုက်ပုံရပါတယ်။

"ပိုကောင်းတာစားရောပေါ့ နင်ငါ့ကိုအများကြီးကူညီထားတာမို့ တစ်ခုခုကျွေးချင်နေခဲ့တာ"

"ဒီဆိုင်ကအမဲအူစွပ်ပြုတ်ကကောင်းတယ်လေ"

ပေါ့ပေါ့ပါးပါးတစ်ခုကိုမှာပြီး ဆိုဂျူနဲ့တွဲသောက်နေလေသည်။ သူတစ်ပုလင်းနီးပါး ဝင်သွားတော့ အာသွက်လာ၏။

"ငါ့ကိုငြင်းထားတာကို အားနာလို့လား"

"မဟုတ်တာ..  နင်ကအများကြီးကူညီခဲ့တာမို့ တစ်ခုခုကောင်းတာကျွေးချင်နေတာ.."

"ဒီဆိုင်ကငါအကြိုက်ဆုံးပဲ ဒါဆိုရပါပြီ"

ကျနော့် လက်သူကြွယ်က လက်စွပ်ကိုကြည့်ပြီး

"Jimin က အရမ်းကောင်းပေးတာပဲလား"

"အင်း သူက ငါ့အပေါ်ကိုကောင်းပေးတယ်"

"စကားအရမေးတာပါဟယ် တကယ် ဖြေချလိုက်တော့တာပဲ"

"အာ တောင်းပန်ပါတယ်.."

Nosotros,Amor&DestinoWhere stories live. Discover now