Part 9

12.1K 1.6K 165
                                    

Jungkook ကကျနော့်အပေါ်ကနေ အုပ်မိုးကြည့်နေကာပါးပေါ်ကိုခပ်ဖွဖွထိတွေ့ရင်း Spanish လိုပြောသည်..။ Spain စကားက Romantic အဖြစ်ဆုံး ဘာသာစကားလို့ ကိုယ်တို့တွေ သိခဲ့ကြတာမို့..။

"Esto es tan increible.."
'ဒါကမယုံနိုင်စရာကောင်းလိုက်တာ...'

"Eres mi sueño.."
'မင်းကငါ့ရဲ့အိပ်မက်လေး..'

Taehyung သူ့ရဲ့လည်ပင်းကို အသာလှမ်းကိုင်မိရင်း ခပ်ဖွဖွပွတ်သပ် ကာ

"Esto no es un sueño.."
'ဒါကအိပ်မက်မဟုတ်ပါဘူး...'

Jungkook သူ့မျက်နှာပေါ်က Taehyung လက်လေးကို ထပ်ကိုင်လိုက်၍ ပြုံးပြသည်။

Taehyung သူ့နှုတ်ခမ်းပါးလေးကိုလက်မဖြင့် အသာပွတ်သပ်မိတော့ လက်ကိုဆွဲကာနမ်းရှိုက်ပြီး

"Te quiero..."
'ချစ်တယ်..'

"También te amo.."
'သိပ်ချစ်တယ်...'

ညနေ နေဝင်ချိန်ရဲ့ကျောင်းအပြန်လမ်းတွေပေါ် နှစ်ယောက်အတူတူ လက်တွဲထားလျက်...။

သူနဲ့အမြဲတမ်းထိုင်နေကြ Gracia နယ်အတွင်းမှာရှိတဲ့ Nabucco Tiramisu Cafe မှာ ဒီနေ့လည်း အတူတူ ရှိနေ၏။

မှောင်ရိပ်ကျပြီး မီးပြပြထွန်းထားတဲ့ ထောင့်ဆုံးကနေရာမှာ Taehyung ပခုံးကိုဖက်ရင်း ဘေးကနံရံကို မှီထိုင်နေတော့ သူကကျနော့်ရင်ခွင်ထဲတိုးဝှေ့လို့။

ကျနော့် လက်ချောင်းတွေကြားကို သူ့လက်ချောင်းသွယ်သွယ်လေးတွေက ယှက်ကိုင်ထားပြီး ဆုပ်လိုက် ပြန်ဖြန့်လိုက်လုပ်ကာ ဆော့နေလေရဲ့...။

ဆင်တူလက်စွပ်ကိုသဘောတကျကြည့်နေပြီး ဓာတ်ပုံရိုက်လေသည်။

စတော်ဘယ်ရီ ဆမ်းထားတဲ့ ချိစ်ကိတ်ကို ကျနော့်ပါးစပ်ထဲအတင်းထည့်ပေးနေတာ။ သူလုပ်စေချင်တာကိုမဖြစ်မနေရအောင်လုပ်ခိုင်းတတ်တဲ့ အရင်ကသူ့အကျင့်အတိုင်းပဲပေါ့။

"ဟေး ဒီလိုနဲ့ ဝိတ်တွေတက်တော့မှာ ငါ့ကိုအလုပ်ပြုတ်အောင်လုပ်နေတာလား"

"စားပြီးရင် ပြန်ပြီးလေ့ကျင့်ခန်းလုပ်လိုက်ပေါ့ တစ်ယောက်တည်းစားရတာ ပျင်းတယ်"

အများကြီးစဉ်းစားနေပြီး သက်တောင့်သက်သာမဖြစ်မှာစိုးရိမ်နေခဲ့ရသမျှ Taehyungကကျနော့်ဘေးမှာ အမြဲရယ်ပြုံးပြီး ပျော်နေခဲ့တော့တာ။

Nosotros,Amor&DestinoWhere stories live. Discover now