Ep-6: But we're not strangers

1.7K 223 0
                                    

Zawgyi~

ခပ်​​မှောင်​​မှောင်​အခန်းတွင်းမှာ အလင်း​ရောင်​​လေးတစ်​ခုက ​ပေါ်လိုက်​​ပျောက်​လိုက်​ဖြစ်​နေတယ်​။ တစ်​ခဏအကြာမှာ​တော့ အလင်း​ရောင်​​လေးက မိနစ်​ပိုင်းစာ​လေး​လောက်​​ပျောက်​သွားတယ်​။

သက်​ပြင်းချသံသဲ့သဲ့ကလည်း တိတ်​ဆိတ်​​နေတဲ့အခန်းတွင်း ပဲ့တင်​ထပ်​သွားသလိုပဲ။

"​ရှောင်းကျန့်​ရာ...မင်းဘာဖြစ်​ချင်​​နေတာလဲကွာ"

ရှောင်းကျန့်​တစ်​​ယောက်​ မျက်​စိကိုဖိမှိတ်​လို့ တစ်​ဖက်​​စောင်းအိပ်​လိုက်​တယ်​။

တစ်​ကယ်​ကိုဘာဖြစ်​ချင်​​နေမှန်းမသိ​တော့ဘူး။ ဆုံးဖြတ်​ပြီးသားကိစ္စတစ်​ခုကို ပြန်​ပြင်​တတ်​တာကလည်း သူ့အကျင့်​မဟုတ်​ပါဘဲ။

မ​နေနိုင်​ပါဘူး။ တစ်​ဖက်​မှာပစ်​ထားတဲ့ ဖုန်း​လေးကိုပြန်​ဆွဲယူလိုက်​တယ်​။ စခရင်​ရဲ့အလင်း​ရောင်​နဲ့အတူ​ပေါ်လာတဲ့ conversationတစ်​ခု။

တိတိကျကျပြောရရင်​ သူဘက်​ကပြန်​စာမပို့ထား၍ အဝင်​သာရှိ​သောစာ​လေးတစ်​​ကြောင်း။

ပေါ်လိုက်​​ပျောက်​လိုက်​အလင်း​ရောင်​​လေးရဲ့ တရားခံကဒီစာတစ်​​ကြောင်းပါပဲ။

ညအိပ်​ရာဝင်​ခါနီး ​ဟောက်​ရွှမ်းပို့လာတဲ့ မက်​​ဆေ့​ကြောင့်​ သူဖုန်းကို​ဖြောင့်​​ဖြောင့်​မပိတ်​နိုင်​ဘူး။

ဖုန်းကိုပစ်​ပြီးအိပ်​မယ်​လုပ်​လိုက်​ သူ့စိတ်​​တွေကထိုအ​ကြောင်းအရာဆီ​ရောက်​သွားလိုက်​၊ လက်​ကဖုန်းကို​​ကောက်​ကိုင်​လိုက်​နှင့်​ သက်​ပြင်း​မော​တွေလည်းအကြိမ်​ကြိမ်​။

ဒီတစ်​ခါဖုန်းစခရင်​ကိုဖွင့်​မိ​တော့ မြင်​လိုက်​ရတဲ့ဂဏန်း​တွေ​ကြောင့်​ မနက်​ငါးနာရီထိုးပြီဖြစ်​​ကြောင်းသိလိုက်​တယ်​။

ဖုန်းကိုချလို့ ကုတင်​​ပေါ်ကဆင်းလိုက်​တယ်​။ စိတ်​​တွေကရှုပ်​​ထွေး​နေတုန်းပဲ။ အခန်းမှန်​တံခါးကလိုက်​ကာ​တွေကိုဆွဲလို့ အပြင်​ကို​​ငေး​နေမိတယ်​။

Like Strangers Do [Completed ]Where stories live. Discover now