Ep-1: The taste of your Lips

3.1K 323 2
                                    


Zawgyi~

"ဦးဦးငယ်​....အားလုံ​လေးက အိုက်​စခရင်​မ်​စားချင်တယ်​လို့"

"အားလုံရဲ့မားမားက ဘာ​ပြောထားလဲမမှတ်​မိဘူးလား?"

"ဦးဦးငယ်​ကလဲ...အားလုံက အခုစားလို့ရ​နေပါပြီ။ ​ချောင်းမဆိုး​တော့တာဖြင့်​ ဒီ​လောက်​ကြာ​နေပြီကို"

အားလုံက​ သူ့လက်​​ချောင်း​သေးေးသ​လေး ဆယ်​​ချောင်းကို​ထောင်​ပြလာတယ်​။ လွန်​ခဲ့တဲ့တစ်​ပတ်​​လောက်​က ​​ကျောင်းမှာ​မွေး​နေ့လုပ်​တဲ့သူငယ်​ချင်းတစ်​​ယောက်​ရဲ့ ​ရေခဲမုန့်​​တွေအစားလွန်​ပြီး အားလုံ​လေးကအပူရှပ်​ကာ ​ချောင်းဆိုးပြီး​ဖျားခဲ့တယ်​။ အဲ့ကတည်းက ​ရေခဲမုန့်​မ​ကျွေးခိုင်းတဲ့မမ​ကြောင့်​ ​ရှောင်းကျန့်​လည်းအလိုမလိုက်​ရဲဘူး။

"​နော်​..ဦးဦးငယ်​..​​နော်​"

ရှောင်းကျန့်လက်ေ​မာင်း​တွေကို ကိုင်​လုပ်​ပြီး​ပူဆာ​နေတဲ့ခုနစ်​နှစ်​သားတူ​လေးကချစ်​စရာအတိ။

အား...ဘယ်​သူနဲ့တူလို့အဲ့လိုချွဲတာ​လေးကအစ ချစ်​ဖို့​ကောင်း​နေတာလဲ။

ရှောင်းကျန့်​အ​တွေးက ရယ်​ရတယ်​။ ဘယ်​သူနဲ့တူရမှာလဲ..​သေချာ​ပေါက်​ အားလုံ​​လေးကသူ့​မိဘ​တွေနဲ့ပဲတူမှာ​ပေါ့။ ဒါကိုသူက အခုဘယ်​သူ့ကို​တွေး​နေမိတာပါလိမ့်​။

ရှောင်းကျန့်​က ချွဲ​နေတဲ့တူ​တော်​​မောင်​ကိုစကားမပြန်​ဘဲ ကားစက်​နှိုးလို့ အိမ်​ပြန်​ဖို့သာပြင်​လိုက်​တယ်​။

"ဟင့်​...ဦးဦးငယ်​က အားလုံ​လေးကိုမချစ်​​တော့ဘူး။ ရိ​ပေါ်​ကော​ကော​ပေါ်လာပြီးကတည်းက အားလုံ​လေးကို​အလိုမလိုက်​​တော့ဘူး...အီးဟီး။ ရိ​ပေါ်​ကော​ကောကိုပဲ ချစ်​​ပေး​နေတယ်​"

အားလုံ​လေးရဲ့စကား​ကြောင့်​ ​ရှောင်းကျန့်​ရဲ့ စီယာရင်​ကလက်​​တွေကတင်းကြပ်​သွားသလို ​ခြေ​ထောက်​​တွေကလည်း ဘရိတ်​ကိုနင်းမိမလိုဖြစ်​သွားတယ်။

သူကိုယ်တိုင်ေ​​​တာင်​ အတင်း​မေ့​ဖျောက်​ဖို့ကြိုးစား​နေရတဲ့​ကောင်​လေးကို​ အားလုံ​လေးကအစ​ဖော်​လိုက်​ပြန်​ပြီ။

Like Strangers Do [Completed ]Where stories live. Discover now