"Soekjin! ကလေး ထတော့"
"ဟင့်၊ 5မိနစ်"
"အင်းနောက် 5 မိနစ်နေရင်ကိုယ် လာနှိုးမယ်နော်"
"...."
ပြန်တော်မဖြေပဲအိပ်ပျော်သွားသော Soekjin ကိုကြည့်ရင်း Namjoon အသည်းယားမိသည်။
*အူယားစရာလေးကွာ*
5 မိနစ်ပြန်အိပ်နေသော ကလေးအားနှိုးမရ၍ အိမ်အောက်ကိုသာဆင်းလာခဲ့သည်။ မနက်6နာရီကျော်ကျော်မို့ နေရောင်ခြည်ကမလင်းတလင်း။ ခြံထဲမှာသစ်ရွက်အမှိုက်တွေရှိနေတာနဲ့ တံမြက်စီးလှည်းရန် ပြင်လိုက်သည်။ ကျွန်တော်တို့အိမ်လေး သန့်ရှင်းသွားရန် ကျွန်တော်ဘာဖြစ်ဖြစ် လုပ်မည်ဖြစ်သည်။
"ဦး!"
နာရီဝက်ကျော်လောက်ခြံရှင်း နေရင်းနှဖူးမှာချွေးများစို့နေသည်။ သို့သော် အိမ်မှုံစုတ်ဖွားခေါ်သံလေးက ရေခဲရေလောင်းချလိုက်သလို။ အသံလာယာလှည့်ကြည့်လိုက်တော့ အသံနှင့်ထပ်တူကြစွာ။ အိပ်ချင်မူးတူးရုပ်လေး။
"Soekjin ကလေး နိုးလာပြီးလား ဦးမနက်စာတောင်မပြင်ရသေးဘူး။ မျက်နှာရောသစ်ပြီးပြီလား"
"ဟင့်အင်း! သစ်ရသေးဝူး၊ မနက်စာကျွန်နော်ပြင်ပေးမယ်ဦး၊ ဦးအခုဘာတွေလုပ်နေတာလည်း။ချွေးတွေကြီးပဲ"
"ခြံရှင်းနေတာပြီးတော့မယ်"
"ကျွန်တော်ဆက်ရှင်းမယ်။ ဦးရေချိုးတော့ မနက်စာစားမယ်"
"Soekjin ကလေး လက်ပြကြည့်ဦးကို"
Soekjinမဝံ့မရဲနဲ့ လက်ကိုဖြန့်ပြသည်။
"ကြည့် ဒီလိုလက်နုနုလေးကခြံရှင်းစရာလား ဦးပဲလုပ်မယ် ကလေးသာရေတက်ချိုး"
"ဟာဦးကလည်း တူတူလုပ်ချင်လို့ကို"
အိမ်တွင်အပျင်းတစ်သော ကျွန်တော်Kim Soekjin သည် ဦးနဲ့သာဆိုဘာပဲလုပ်ရလုပ်ရ လုပ်ချင်ပါသည်။
"ကဲဘာတွေငေးနေတာလည်း မျက်နှာသွားသစ်လေကလေးရဲ့"
"ဟုတ်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
"ဦး ကျွန်တော့်လက်ရာအဆင်ပြေပါတယ်နော်"
YOU ARE READING
Not denied( ✓Complete✓)
أدب الهواةဘာလိုငြင်းချင်ခဲ့တာလည်း။ ကိုယ်လည်းမသိဘူး ကိုယ်သိတာအခုမင်းကိုကိုယ့်နားမှာပဲရှိစေချင်တယ်၊ကိုယ်မင်းကိုချစ်မိနေပြီ။