chapter 3

997 172 40
                                    

Unicode

ညက တစ်ညလုံး နီခီနဲ့ စကားပြောနေခဲ့တာမို့ ဒီနေ့မနက်လည်း နောက်ကျမှ ထဖြစ်ခဲ့သည်။ စကားပြောဖို့ စိတ်မရှည်တတ်တဲ့ ဆောနူ ရဲ့ ဘဝမှာ ပထမဆုံးအကြိမ်အနေနဲ့ အချိန်အကြာကြီး စကားပြောဖူးခြင်းလည်း ဖြစ်သည်။

"ဆောနူက ကလေးလိုပဲ"

"ဆောနူရဲ့ ပါးလေးတွေက အိစက်နေမှာပဲနော် ကိုက်ဖူးချင်လိုက်တာ"

"ထမင်းစားရမှာ ပျင်းလို့ ဆောနူက ကျွန်တော့ကို ခွံ့ကျွေးပါလား"

"ဟိတ် ကောင်လေး! ကျွန်တော့ကိုလည်း အာဘွားလို့ ပြန်ပြောလေဗျာ"

စသဖြင့် စကားပြောတိုင်း နီခီက ရိသဲ့သဲ့တွေ ပြောပြီး လူကို ကလိ တတ်သည်။ အဲ့အချိန်တိုင်းလည်း ဆောနူမျက်နှာမှာ မှိုရသလို ပြုံးနေတတ်သည်။ တစ်ချက်တစ်ချက်ဆို အူယားလွန်းလို့ ပိုက်ထားတဲ့ ခေါင်းအုံးကိုတောင် ကိုက်ပစ်တဲ့အထိ။ တစ်ကြိမ်တစ်ခါမှ ဆောနူဘဝမှာ တစ်ဖက်သတ်သဘောကျရတဲ့ crush ဆိုတာမျိုးမရှိဖူးခဲ့။ နီခီ ကသာ ပထမဆုံးပင် ဖြစ်သည်။ အရင်ကတည်းက ကျောင်းရှေ့ရောက်နေတတ်တဲ့ ကောင်လေးက ဆောနူကျောင်းလာရင် စိုက်ကြည့်နေကျမို့ သတိထားမိခဲ့သည်။ တမူထူးခြားတဲ့ရုပ်ရည်နဲ့ ကောင်လေးမို့လို့လည်း ဆောနူ က ပိုသတိထားမိသည်။
ခဏခဏ အကြည့်ချင်းဆုံတိုင်း ထိုကောင်လေးက အမြဲ ပြုံးပြတတ်သည်။ နောက်မှသိခွင့်ရခဲ့တာက ထိုကောင်လေးက Namkang ယောက်ျားလေးအထက်တန်းကျောင်းက ဖြစ်ပြီး ဂျောင်းဝန်းနဲ့ ကျူရှင်အတူတူတက်တဲ့ ဂျောင်းဝန်းရဲ့ ရည်းစား ဂျပန်ကောင်လေး တဲ့။ အဲ့နောက်ပိုင်းတော့ ရည်းစားရှိတဲ့သူမို့ ဆောနူ ဘက်က ထွေထွေထူးထူး သဘောမထားခဲ့။ ပွဲတော်နေ့ ကျောင်းပိတ်ရက်တွေနဲ့ နွေရာသီတွေမှာတော့ စကား စမည် ပြောဖူးကြသည်။ ဒါပေမဲ့ အီစီကလီပြောရတဲ့အထိတော့ မခင်ကြတာအမှန်။

တစ်ညလုံး စကားပြောခဲ့ပြီးတာတောင် မနက်ကျရင် အချိန်မှန်လာခေါ်မည့် ကောင်လေးကို မျှော်နေမိသေးသည်။

"မရတော့ဘူး ကောင်စုတ်လေးရ! မင်းက ငါ့ကို အကျင့်ဖျက်လိုက်ပြီ"

anagapesis [ sunki ]Onde histórias criam vida. Descubra agora