Hi

988 54 13
                                    

Fic ကို library ကမထုတ်ရသေးတဲ့သူတွေနဲ့ အခုဖတ်နေတဲ့ သူတွေ ဒီစာလေးကိုတွေ့မှာပေါ့နော် (စာမရေးတာကြာလို့ အစတောင်မချီတက်တော့ဘူး ၊ တင်မှတော့ တွေ့မှာပေါ့ 🤣)

တကယ်ကြီး သတိရလာလို့ပါ။
ကိုယ် Hana yeon ဆိုတဲ့ Fb acc ကိုဖျက်ထားတာမို့ ဒီကလူတွေနဲ့ တော်တော်ကြီးဝေးသွားတယ် ။ ကြားထဲမှာ ကျန်းမာရေးကြောင့်ရော ၊ နိုင်ငံရေးကြောင့်ရော wpကိုပါ ဖျက်လိုက်တော့ ပိုဆိုးပေါ့။

Fb accကတော့ ပြန်ဆယ်လို့မရ​​တော့ဘူး မို့ အဲ့ဒီကိုတော့ ပြန်လာလို့မရတော့ဘူး။ Hana yeonဆိုတဲ့ ကယက်ထနေတက်တဲ့ဘဝကို တကယ်လွမ်းပါတယ်။ အဲ့ဒီမှာ ခင်ခဲ့တဲ့သူတွေကိုရော၊ သဘောကျခဲ့တဲ့သူတွေကိုရော တကယ်လွမ်းသလို နေကောင်းလား၊ ဒီအခြေအနေတွေမှာ အဆင်ပြေရဲ့လားလဲသိချင်ပါတယ်။

အခုစိတ်သက်သာရာရလိုရ​ငြား ဟိုဟာလိုက်ရှာဖတ်ဒီဟာလိုက်ရှာဖတ်ရင်း ငါဒီလ်ိုတွေလဲရေးခဲ့သေးပါလားဆိုပီး ဖတ်ရင်းကနေ ဒီစာရေးဖို့ထိဖြစ်လာတာပဲ (ကိုယ်စာရေးတာအခုထိအပေါက်လန်းမတည့်သေးဘူး)

အဓိက ကတော့ အခုတောတွင်း စိတ်ဓာတ်တွေကျနေကြလား၊ နေကောင်းရဲ့လား၊ ဘေးကင်းရဲ့လား ၊ ကိုယ့်ဘက်ကလုပ်ပေးနိုင်တာက ပြောသမျှနားထောင်ပေးနိုင်တာမို့ ကိုယ့်ဆီရင်လာဖွင့်ချင်လဲရပါတယ်လို့ ။

စာတွေလဲ ပြန်ရေးချင်သေးပေမယ့် ကျန်းမာရေးကြောင့်မို့ ရေးလို့မရ​ ။ အခုဆို ကောတို့didiတို့ကို စိတ်ကူးတွေယဥ်ပြီး စာတွေရေးလို့မရတော့ဘူး..... ။

ပြီးတော့ အစ်မနှစ်ယောက်ကို တောင်းပန်ချင်လို့ပါ။ ဒီစာကို အစ်မတွေ တစ်သက်လုံးမတွေ့တာလဲဖြစ်နိုင်ပေမယ့် ဒီလိုပြောလိုက်မှ စိတ်ပေါ့သွားမယ်ထင််လို့ပါ။

ပထမအစ်မက ကိုယ် ကို fbမှစကားပြောပေးတဲ့အစ်မ ။ ကိုယ်လဲစာဖတ်သူပဲမို့ ကိုယ့်ရေးတဲ့စာအတိုင်းအတာကို ကိုယ်သိတယ်။ တကယ့် ကလေးအရေးလေးလို့ဖြစ်နေတာ ဒါပေမယ့် အဲ့ဒီအစ်မကတော့ ဆက်ရေး သဘောကျတယ်လို့လဲပြောပေးသလို၊ ဟာသတွေလဲအများကြီးလုပ်ပေးသလို၊ သူ့ဆီကဗဟုသုတတွေလဲအများကြီးရတယ်။ ကိုယ် accဖျက်တော့ ဘာမှသေချာမပြောဘဲအဆက်အသွယ်ဖျက်မိတာ တောင်းပန်ပါတယ်လို့ ။ မ အဆင်ပြေပါစေလို့လဲ သတိရတိုင်းဆုတောင်းပေးပါတယ်။ ကိုယ် Fb accတွေပြန်ရှာတာ အဆက်စပ်မရှိလို့လုံးဝပြန်ရှာမရဘူး။ အဲ့ဒါကြောင့် အစ်မကိုတောင်းပန်ပါတယ်။

My Deepest Love {YIZHAN}Donde viven las historias. Descúbrelo ahora