Part -11

126 22 0
                                    

Bright လဲ Win အတွက်ရည်စူးပြီး အကျီနဲ့ ဘောင်းဘီ တစုံကို မီးရှို့ပြီး လှူပေးလိူက်တယ်
သိပ်မကြာခင်မှာပဲ ....

Win: P ..P ဟာကိမဟုတ်သေးဘူးနော် ကျတော့်ဆီ ဘာအကျီမှလဲမရောက်လာဘူး ဘယ်လိုဖြစ်တာလဲမသိဘူး

Bright : အေးနော် ဟိုသရဲခေါင်းဆောင်ပြေသလိုဆို မင်းဆီရောက်ရင် မင်းကသေပြီးသားသူဖြစ်လို့ ခု မရောက်လာဘူးဆိုတော့ မင်းမသေသေးဘူး ဆိုတဲ့သဘောပေါ့ ဝမ်းသာရမှာလေကွာ မင်းကလဲ

Win : ဒါ ဒါပေမဲ့ ..ကျတော် စိတ်ထင့်နေတယ် ဗျာ

Bright : ဘာမှစိတ်မထင့်နဲ့ အကောင်းဘက်ကပဲတွေးပါကွာ ..မင်းကလေ တကယ်ကို Over Thinking person ပဲ။ ခနထိုင်ဦး ငါပြောစရာရှိတယ်

Win: ???
Bright : ငါဒီနေ့ မြို့နယ် စခန်းကို သွားပြီး သတင်းပို့တင်ပြခဲ့တယ် မင်းအကြောင်းနဲ့ ငါလုပ်မယ့် အလုပ်ကိစ္စတွေကိုပေါ့ ..ငါ့အထက်လူကြီးက မင်းအဖေရဲ့ အရှိန်ကြောင့် ပထမတော့ လက်မခံချင်ဘူး ဒါပေမဲ့ မတရားတဲ့ အမှုဖြစ်နေမှာကိုတော့ သူစိုးတယ်လေ ဒါကြောင့် တိတ်တဆိတ် စုံစမ်းစစ်ဆေးဖို့ အမိန့် ရလာတယ်

Win : ဗျာ .. ဟုတ် လား ကျတော့အတွက်နဲ့ P တိတ်တဆိတ်စုံစမ်းဖို့က လွယ်ပါ့မလား အန္တရယ် တွေဘာတွေများရှိနိုင်လား ကျတော့ကြောင့် နဲ့ P ကို ထပ်ပြီး ဒုက္ခမရောက်စေချင်တော့ဘူး

Bright : တွေ့လား မင်းအတွေးတွေလွန်လိုက်ပြန်ပီ မဖြစ်သေးတာတွေကို ကြိုမတွေးပါနဲ့ Win ရယ် မင်းအမှုကို ငါ့ဘက်က မင်းအတွက်အပြင်ကို မတရားတာသိသိကြီးနဲ့ မခံနိုင်လို့ အမှန်တရားတခုအတွက် ဖော်ထုတ်ချင်တဲ့စိတ်ပါ ပါတယ် ငါကရဲ ပါ ကိုယ့်အန္တရယ်ကိုယ် ကြည့်ရှောင်တတ်ပါတယ် စိတ်မပူနဲ့ ဟုတ်ပီလား ခုလိုမင်းကိုပြောပြတယ် ဆိုတာ က တခုခုဆို မဖုံးကွယ်ထားပဲ တယောက်တည်း ခုနကလို မခံစားနေပဲ နောက်ဆို ငါ့ကို အကုန်ပြောပြပါ မင်းဆီက အရာအားလုံးသိထားရမှ ငါရှေ့ဆက်လို့ရမှာ ကြားလား

Win: ဟုတ် P ခုလို ကူညီပေးတာသိရတော့ ကျတော်အရမ်းဝမ်းသာတယ် ကျတော်လေ P နဲ့တွေ့ရတာတကယ်ကံကောင်းတာသိလား Pကားနဲ့ ပြိုင် တိုက်တာကိုပဲ ကျတော်ကျေးဇူးတင်ရမလားပဲ 😀

Over the World ....ကမ္ဘာကြီးရဲ့အလွန်🤍..Opowieści tętniące życiem. Odkryj je teraz