Chapter..1

6.6K 254 4
                                    

သူကထူးခြားတယ် လျှို့ဝှက်တယ်  တိတ်ဆိတ်တယ်...
သံမဏိမျက်နှာဖုံးအရှင်...ခင်ဗျားကလူလားနတ်လား...

"ဝမ်သခင်လေး...ဆရာကခေါ်ခိုင်းလိုက်ပါတယ်..."

တချက်ခေါင်းငြိမ့်ပြရင်းဖြူစွတ်နေတဲ့ဝတ်ရုံကိုမကာခပ်ဖွဖွကြွလှမ်းလာတဲ့ကောင်ငယ်လေး...တည်ကြည်တဲ့မျက်နာထားနဲ့ငြိမ်သက်နေတဲ့ရေပြင်လေးတခုလိုပဲ...

"အခေါ်တော်ရှိတယ်ဆိုလို့ပါဆရာ..."

" ရိပေါ်ဆရာလဲကျန်းမာရေးမ ကောင်းတော့ဘူးနောင်အချိန်များမှာဒီဂိုဏ်းကိုမင်းလက်ထဲမှာစိတ်ချလက်ချအပ်သွားချင်တယ်..."

"ဆရာခံစားနေရတဲ့ဝေဒနာကိုအမြန်ဆုံးပျောက်ကင်းအောင်ကြိုးစားပါ့မယ်...ဂိုဏ်းအတွက်လဲစိတ်ချပါ...."

ဆရာဖြစ်သူမျက်နာကိုခပ်ဖြည်းဖြည်းမော့ကြည့်ရင်းစိတ်မကောင်းခြင်းတွေရောယှက်တဲ့မျက်ဝန်းတစုံဟာတောက်ပနေခဲ့တယ်....

"လန်ဆရာကြီး..."

"ဟော..ရှောင်းသခင်လေးရောက်လာပြီလား..."

"ဟုတ်ကဲ့.."

အပြန်အလှန်ဂါဝရပြုနေတဲ့လူနှစ်ယောက်ကိုရိပေါ်ကြည့်ရင်းမျက်မှောင်ကျုံ့လိုက်တယ်သူ့ထက်အနဲငယ်ပဲ​ကြီးပုံရတဲ့ထိုလူကိုဆရာကဂါဝရပြုသတဲ့လေ...သူလဲဆရာ့နောက်ကလိုက်ရင်းဂါဝရပြုလိုက်ရသည်...

"ဒီကဝမ်သခင်လေးလဲတွေ့ရတာဝမ်းမြောက်မိပါတယ်..."

"....."

အပြန်အလှန်ပြောဆိုခြင်းမရှိပဲ​​တိတ်ဆိတ်နေတဲ့ထိုကောင်လေးကိုမျက်လုံးချင်းဆုံချိန်မှာရှောင်ကျန့်ပြုံးပြလိုက်တယ်......

"ထိုင်ပါရှောင်းသခင်လေး...ရိပေါ်ဒီတခါစန့်နမ်ဘက်ခြမ်းကကိစ္စကိုဖြေရှင်းဖို့ရှောင်းသခင်လေးနဲ့မင်းနဲ့တွဲလုပ်ရလိမ့်မယ်..."

"ကျနော်တယောက်တည်းလုပ်နိုင်ပါတယ်ဆရာ.."

ဂုဏ်ကြီးပြီးအရွယ်နဲ့မလိုက်အောင်တည်တံ့လွန်းတဲ့ကောင်လေးအကြောင်းသိသူပီပီစကားထပ်ပြောဖို့လုပ်နေတဲ့လန်သခင်ကြီးကိုမျက်နာအမူအရာနဲ့ပြကာသူပဲအကြောင်းအရာကိုဆက်ပြောလိုက်တယ်....

မှော်ဆန်သော(completed)Where stories live. Discover now