Chapter..7

1.5K 112 0
                                    

တနေ့ထက်တနေ့ပိုပြီးချစ်လာမိလို့ဝေးရမယ်လို့တွေးလိုက်တာနဲ့တင်ကိုရင်ထဲကနာတယ်..တကယ်ပါပဲကျနော်က ကျနော်နဲ့မတူတော့ဘူး...

"ရိပေါ်..တောထဲမဝင်ခင်ဒီနားမှာခဏနားရအောင်.."

"ဗိုက်ဆာပြီလားကော.."

"ကလေးလေးပြောမှသတိရတယ်..မင်းနဲ့အတူရှိနေတာဆိုတော့အကုန်မေ့နေပြီကွာ.."

ရိပေါ်ကျောက်တုံးတခုကိုမှီရပ်ရင်းရီချင်နေတဲ့မျက်နှာကိုအတင်းတည်လိုက်ရသည်...ရှက်သွေးဖြာနေပုံများနားရွက်လေးတွေတောင်ရဲလို့......

"ရှက်နေတာလားဟင်..လာပါကွာကိုနဲ့ပူးပူးကပ်ကပ်လေးနေစမ်းပါ.."

သူ့လက်လေးကိုဖွဖွဆွဲရင်းရင်ခွင်ထဲသွင်း​ေတာ့အလိုက်သင့်လေးမှီလာတယ်...လောကရဲ့စည်းစိမ်ဆိုတာကကို့ရဲ့ကလေးလေးပါမှပြည့်စုံတယ်ထင်ပါရဲ့......

"ကျနော်စိတ်ထဲတခုခုကိုမသင်္ကာ..."

"ရှူးး..."

တိတ်တိတ်နေဖို့သတိပေးတဲ့ရှောင်ကျန့်ကြောင့်ရိပေါ်ဆက်မပြောပဲရပ်ထားလိုက်တော့တယ်..သူတို့နှစ်ယောက်ကြားမှာစကားတွေအများကြီးပြောစရာမလိုပဲနားလည်မှုရှိနေပြီးသားလေ...

...............

"ကော ကျနော်ရေထဲဆင်းမယ်..."

"ဆင်းနှင့်လေကိုလာခဲ့မယ်..."

ဝတ်ရုံတွေကိုချွတ်ချပြီးဘောင်းဘီအပါးတထည်ကိုသာဝတ်ဆင်ကာရိပေါ်ရေထဲအပြေးလေးဆင်းသွားတော့သည်....

"ကလေးလေး..."

ခပ်နွေးနွေးရင်ခွင်ထဲရောက်သွားတာနဲ့တံတောင်နဲ့ထိမိတဲ့မာတောင့်တောင့်အရာလေးတေ...

"အမလေး..ကောကြွက်သားတွေကတကယ်ကိုကြည့်ကောင်းတယ်...ကျနော့်ထက်ပိုပြီးပုံစံပေါ်တယ်နော်.."

လက်ညိုးလေးနဲ့တို့စိတို့စိလုပ်နေတဲ့ကောင်လေးရဲ့လက်တွေဆွဲ ယူပြီးဗိုက်ပေါ်တင်ပေးလိုက်တော့နီဆွေးဆွေးမျက်နာလေးကငုံ့နေရာကနေမော့မလာတော့ချေ....

"ကြိုက်လား..အဲ့တာတွေအကုန်ကလေးလေးအပိုင်..."

" တော်ပြီကောရာမပြောနဲ့တော့ကျနော်ရှက်လာပြီ..."

မှော်ဆန်သော(completed)Where stories live. Discover now