ကျနော်ကရင့်ကျက်တဲ့လူတစ်ယောက်ပါကော...ကောဖြစ်စေချင်တဲ့ရဲရင့်တဲ့လူတစ်ယောက်ပါ.....
"ယွမ်လုနှိပ်ပေးရမလားသခင်ကြီး...ရှောင်ကျန့်ကောရဲ့အဖေဆိုတော့ယွမ်လုအဖေလိုပါပဲ..."
"ဟား.ဟားတကယ်ကိုလိမ္မာတဲ့ကလေးပဲ..ရပါတယ်ကွယ်သားဘေးမှာပဲထိုင်နေပါ..ဒီလိုလိုက်ဖက်တဲ့စုံတွဲကိုတွေ့ရတာနဲ့တင်ဒီအဖေကဝမ်းမြောက်နေပါပြီ..."
ယွမ်လုကရှောင်ကျန့်လက်မောင်းတစ်ဖက်ကိုအသာကိုင်ရင်းကျေနပ်သွားဟန်နှင့်ရီသည်....
ရှောင်ကျန့်အနေနဲ့ကတော့ဒီနေရာကအမြန်ထွက်သွားချင်စိတ်သာရှိတယ်...သူရိပေါ်နဲ့ချစ်နေကြောင်းပြောပြီးနောက်နေ့မှပဲအဖေကယွမ်လုကိုအတင်းသူနဲ့မိတ်ဆက်ပေးတော့သည်....နဂိုထဲကစကားနားထောင်ပြီးအဖေပေါ်သိတတ်သူမို့တစိမ်းရှေ့ငြင်းချက်မထုတ်ချင်တာကိုအဖေကအခွင့်ကောင်းယူနေပုံရ၏.." ဝမ်သခင်လေးကြွလာပါပြီ..."
"ကြွပါ..ကြွပါသခင်လေး..ဒီမှာလူတွေဆုံနေပြီ..အဖေကဝမ်သခင်လေးကိုဧည့်ခံချင်လို့ဖိတ်လိုက်တာလေ..."
ရှောင်ကျန့်သူ့အဖေရဲ့သဘောထားကိုရိပ်မိလိုက်သည်...
တော်ရုံဖိတ်တိုင်းတကူးတကမသွားတတ်တဲ့ရိပေါ်ကရှောင်ကျန့်ရဲ့အဖေဖြစ်နေတာကြောင့်လက်ဆောင်ကျောက်စိမ်းပြားတခုနဲ့ရောက်အောင်လာခဲ့ခြင်းဖြစ်သည်...."ဒါကသခင်ကြီးအတွက်လက်ဆောင်ကျောက်စိမ်းပြားပါ..ဂိုဏ်းတံဆိပ်ကိုသေချာထွင်းခိုင်းထားတာမို့လက်ရာမြောက်ပါတယ်..."
ရှောင်ကျန့်အဖေဖြစ်သူကတံဆိပ်ပြားကိုသေတ္တာထဲကထုတ်ကြည့်ရင်းခေါင်းတငြိမ့်ငြိမ့်နဲ့သဘောတကျဖစ်နေသည်...
"အဖေ..တံဆိပ်ပြားလေးလှလိုက်တာယွမ်လုလဲလိုချင်လိုက်တာနော်..."
ဂိုဏ်းတံဆိပ်ကိုလိုချင်တယ်ပြောတာကြောင့်ရှောင်းသခင်ကြီးအနဲငယ်စိတ်ထောက်သွားပေမဲ့သူ့အကြံနဲ့သူမို့ပေးရန်ဆုံးဖြတ်လိုက်သည်....
"လိုချင်ရင်ယူပေါ့သမီးရယ်ေနာက်လဲဒီဂိုဏ်းရဲ့မိသားစုဖြစ်လာမှာပဲ...ဝမ်သခင်လေးဒါကယွမ်လုတဲ့ရှောင်ကျန့်နဲ့လက်ဆက်မဲ့သူလေခုတခါတည်းလက်ဖွဲ့တယ်သဘောထားလိုက်ပါ..."
YOU ARE READING
မှော်ဆန်သော(completed)
Romanceတည်ငြိမ်နေတဲ့စမ်းချောင်းလေးကိုလှုပ်ခပ်နိုင်တာကောတယောက်တည်းပါ... ကလေးလေးကိုချစ်လွန်းလို့တယုတယအနားမှာသိမ်းစည်းထားချင်တယ်ကိုကအတ္တကြီးလွန်းတာလား...