Part - 2 🔥

5.5K 344 22
                                    

Unicode

ရိပေါ်ခြံထဲကသူခူးထားတဲ့အသီးခြင်းတောင်းကြီးကိုကြည့်ပီး ပြုံးဖြီးနေသည်...ဒီနှစ်ရာသီဥတုကောင်းတော့ အသီးတွေကဖွံ့ပီးအရည်ကိုရွှမ်းနေသည်

ပါးကမြို့ထဲမှာနေတာမလို့ ဒီလိုလတ်ဆတ်တဲ့အသီးအနှံတွေကို စျေးထဲမှာရှာရခက်တယ်...ဆေးစိမ်ထားတဲ့အသီးက များနေသည်

အကောင်းဆုံးအသီးတွေကို ကိုယ်တိုင်ကိုယ်ကျခူးယူပီး ပါးစီကိုပို့လေ့ရှီတယ်

သူဒီကိုရောက်လာတာ သုံးနှစ်နီးပါးရှီနေပီ...မဆိုးပါဘူး...ဒီကလူတွေက ဖော်ဖော်ရွေရွေရှီပီး ကောင်းကောင်းဆက်ဆံကြတယ်

သူကိုမကြည်တာဆိုလို့ သခင်ကြီးဆိုတဲ့ရှောင်းကျန့်နဲ့ သူ့အနားကို ကက်ဖားရပ်ဖားလုပ်နေတဲ့ ကျန်းဝေ့ပဲရှီတာ

ဒီမှာနေရတာ အရမ်းကိုစိတ်ချမ်းသာစရာကောင်းတယ်...သဘာဝတောတောင်ရေမြေအလှက ရိုးအီသွားတယ်လို့မရှီဘူး

တိတ်တိတ်ဆိတ်ဆိတ်ရှီပီး အပူအပင်ကင်းရှင်းတယ် ...ဒီလိုအေးချမ်းသာယာတဲ့နေရာလေးမှာ တစ်သက်လုံး နေထိုင်သွားချင်တော့တယ်

"ဟေ့ ဘယ်သူလဲ...ငါ့ခြံထဲမှာခိုးကြောင်ခိုးဝှက်နဲ့ဘယ်ကောင်လဲ...အခုထွက်လာစမ်း"

ရှောင်းကျန့်အသံကြီးက ဟိန်းထွက်လာကာ တဖြည်းဖြည်းသူ့နားနီးလာတဲ့အတွက် စတော်ဘယ်ရီသီးကို ပါးစပ်ထဲထည့်နေရင်းမှ အောက်ပြုတ်ကျသွားတော့တယ်

"အိုက်ယား ဒုက္ခပါပဲ"

ရှောင်းကျန့်မြို့ထဲသွားပီး လိုအပ်တဲ့ပစ္စည်းတွေသွားဝယ်မယ်လို့ သတင်းကြားတဲ့အတွက် အဲ့အခွင့်အရေးလေးကို အသုံးချပီး အသီးလာခူးတာလေ

ခုကဘယ်လိုလုပ် ချက်ချင်းကြီးပြန်ရောက်လာတာလဲ...မြန်လိုက်တာနော်

အခု သူဘယ်နေရာသွားပုန်းရမှာလဲ...စတော်ဘယ်ရီပင်တွေက နိမ့်နိမ့်လေးလေ...သူ့ကိုဘယ်လိုလုပ် လုံအောင် ဖုန်းပေးနိုင်မှာလဲ

ရိပေါ် စတော်ဘယ်ရီပင်တွေပေါ် ကျော်ခွပီး နည်းနည်းလောက်ဝေးတဲ့နေရာကို ပြေးကာ ဝပ်နေလိုက်မယ်ဆိုပီး ရှေ့ကပိုက်နဲ့ခလုတ်တိုက်တော့ ကန့်လန့်ကြီး လဲကျသွားတော့တယ်

FOREVER HEART FARM *Completed*Where stories live. Discover now