Breathless...
Teaserရှပ်....ရှပ်..ရှပ်.....
သူနောက်ကို လှည့်ကြည့်မိပြန်တယ်..ဒီတခါလည်း ဘာမှရှိမနေပါ...သူ့စိတ်ထင် တာနေမှာပါ...ဒါပေမယ့် သူအရမ်းမှားသွားတယ်..
အရှေ့ကိုပြန်လှည့်လိုက်တဲ့အချိန်....
'အား........!!!!!!!!!'
လူအသွားအလာ နည်းတဲ့ လမ်းပေါ်မှာ...ကောင်လေး၁ယောက် အသက်မဲ့နေတယ်...သွေးလည်ပတ်မှုမရှိတော့တဲ့....သူ့လက်ဖ၀ါးလေး ပေါ်မှာ...သင်္ကေတ လေးတစ်ခု....
လမင်းရဲ့ အလင်းရောင်က အေးမြပါတယ်...ဒါပေမယ့် သိပ်မကြာတော့တဲ့အချိန်မှာ....အေးမြတဲ့ လရောင်မှာတောင် ကြောက်လန့်မှုတွေ...ထိတ်လန့်မှုတွေ ပြည့်လာတော့မှာပါ....
သတင်းကိုကြည့်ပြီး..သူခေါင်ကိုရမ်းလိုက်မိတယ်...ဒီအဖြစ်အပျက်ကြီးက ပြီးဆုံးသွားခဲ့ပြီလေ...အခုမှ..ဘယ်အရာက အစဖော်နေရပြန်တာလဲ....ငါပေးဆပ်ခဲ့တဲ့ အရာတွေက မလုံလောက်သေးဘူးလား...ကံကြမ္မာကြီးရေ..........
နောက် တစ်နေရာတွင်လည်း...
သူ့လက်ပေါ်က အမာရွတ်ကို ကိုင်ကြည့်ပြီး သူ သက်ပြင်း ချမိလိုက်တယ်....ကြုံလာမှတော့ ရင်ဆိုင်ရုံပေါ့....
...........ဆက်တိုက်နီးပါးလို ဖြစ်နေသော လူသတ်မှုတွေ ကြောင့်...ပဟေဋ္ဌိ ဖြစ်နေတဲ့ အမှုကိုကိုင်တွယ် ဖို့ ... genius ၁၂ယောက် ပေါင်းမိတဲ့အခါ
စိန်ခေါ်မှုတွေ ပြိုင် ပွဲ တွေကြားမှာ ...သူတို့တွေ အောင် မြင်စွာ အဆုံးသတ်နိုင်ပါ့မလား..
ရှုပ်ထွေးမှုတွေကြားထဲက ဖြစ်ပေါ်လာတဲ့ အချစ်တွေကရော ခိုင်မြဲနိုင်ပါမလား..
Suho...''Lay..ah...ငါတို့တွေ နောက်ဆုံးထိ ဒီတိုင်းလေးဘဲ ရှိနေရင်ကောင်းမှာပဲ ကွာ....ဒီတိုင်းလေး၁၂ယောက်ထဲ ရှိနေရင်တောင် အရမ်းကောင်းမှာဘဲ...''
နောက်ဆုံးတော့ သူသိလိုက်ပါပြီ...သူတို့ဘ၀တွေက ဒီတိုင်းအဆုံးသတ်ရတော့မယ်ဆိုတာကို.
Kris...''ကျွန်တော့်ဘ၀မှာနောင်တရ မယ့် ကိစ္စဆိုတာမရှိခဲ့ဘူး..မရှိအောင်လည်းနေခဲ့တယ်..အခုကိစ္စလည်း ဘယ်တော့မှနောင်တမရပါဘူး...ကျွန်တော့်ဘေးနားက ကျွန်တော့်ချစ်သူလေး Tao လက်ကို ဆုပ်ကိုင်လိုက်ပြီး မျက်လုံးကိုမှိတ်လိုက်မိတယ်''
Luhan...''ဘ၀ဆိုတာ မျက်လှည့်ဆရာနဲ့တူတယ်ဗျ..အချစ်ဆိုတာ မယုံကြည်ခဲ့တဲ့ ကျွန်တော်..အခု ကျွန်တော့်ဘ၀ထဲကို ၀င်လာခဲ့တဲ့..Sehunဆိုတဲ့ကောင်လေးကို အရမ်းချစ်ပါတယ်..သူ့အသက်ထက်တောင်ချစ်ရပါတယ်''
Chanyeol...''ကျွန်တော့် ဘ၀အတွက်အဓိပ္ပါယ် ကိုပြောပါဆိုလျှင်...သူက ကျွန်တော့်ဘ၀အနာဂတ် ပဲ့ကိုင်ရှင်ပါ...Baekhyunဆိုတဲ့ ကောင်လေးပေါ့..''
Kai...''လောကကြီးကို စိတ်ကုန်နေတဲ့ ကျွန်တော့်ကို လောကအစစ်ထဲ ခေါ်ပေးတဲ့ သူလေးက တော့ Do Kyung Sooလို့ခေါ်တဲ့ ဇီးကွက်ကလေး လေ''
Xiumin.. ..''သူက ကျွန်တော့် စကားပြောစက်လေး ဗျ...အာဗြဲ စိန် ...Chen အရူးကောင်လေး...''
အခန်းကျယ်ကြီးထဲမှာ..ကောင်လေး၁၂ယောက်စုဝေးနေကြတယ်...သူတို့မျက်နှာတွေက တစ်စုံတစ်ရာ ကို အသည်းအသန် တွေးနေကြတဲ့ပုံပါ...
နောက်တော့ အသားဖြူဖြူနဲ့ကောင်လေးက ထလိုက်ပြီး...''ကဲ...ငါတို့စလိုက်ကြတာပေါ့..''
Hae...ဟို၂ပုဒ်တောင် မနိုင်တာ လက်ကမြင်းပြီးနောက်တစ်ပုဒ် ထပ်ရေးလိုက်ပြန်ပါပြီလို့ မကြိုက်ရင်မတင်တော့ပါဘူးလို့...နော်..ပထမဆုံးYaoi ficပါ...Drama ချည်းသက်သက် မရေးချင်လို့ Crime သဘောပါထည့်ရေးတာပါ..တော်တော်ကြီးရှုပ်ပြီး..ရှည်မှာပါ..စာမေးပွဲပြီးရင် ရေးပါ့မယ်လို့..စာမေးပွဲ နီးနေပြီဆိုတော့...ဘာမှupdateမလုပ်နိုင်သေးပါဘူးလို့...ပြီးရင်တော့ ဖုန်ခါပေးပါ့မယ်လို့..Exo Comeback..ကြီးကြားပြီးပျော်လို့teaserတင်လိုက်တာပါ..အနော့် ကိုမေတ္တာ ၀ိုင်းမပို့ကြပါနဲ့ဦးလို့..Fic updateမဟုတ်လို့..