Beyond the Midnight
💙 Part-6 💙
"ဦးခေါင်ရော ဘာစားမလဲဟင်... ရှမ်းခေါက်ဆွဲပဲ စားမလား ... "
"အင်း အဲ့တာပဲ စားမယ်.... "
ရုံရုံ လက်ခုပ်လေးအရင်တီးလိုက်ပြီး ဆိုင်ရှင်အဒေါ်ကြီးကို လှမ်းခေါ်လိုက်သည်.....
"အန်တီရေ ဒီကို ရှမ်းခေါက်ဆွဲ ၂ပွဲ တို့ဟူးကြော်တစ်ပွဲ .... ရုံရုံစားနေကျအတိုင်း ရှမ်းခေါက်ဆွဲတစ်ပွဲက အရွက်မထည့် ကြက်သွန်မြိတ်မထည့်ဘူးနော်.... "
"အေးအေး ရုံရုံရေ ...."
ဆိုင်ရှင်အဒေါ်ကြီးက ရှမ်းခေါက်ဆွဲတွေကို လက်မလည်အောင်လုပ်နေရင်းနဲ့ ရုံရုံပြောတာကို လှမ်းပြီး အသံပြုသေးသည်....
အကူအစ်မကြီးက ရုံရုံတို့ စားပွဲ၀ိုင်းလေးအား ဟင်းချိုပန်းကန်လုံးလေးတွေရယ်နဲ့
ရှမ်းချဥ်ပန်းကန်ရယ် တို့ဟူးကြော်အတွက် အချဥ်ပန်းကန်လေးရယ် အရင်လာချပေး
သည်......ပြီးတော့ ဦးခေါင် အနောက်ကနေ ရုံရုံကို ကြည့်ပြီး မျက်စပစ်ပြသည် .... ဆိုလိုသည့် သဘောက ဘယ်သူလဲပေါ့ ..... ရုံရုံ
ပြုံးစိစိရုပ်လေးနဲ့ပဲ ခေါင်းလေးကို ခါပြ
လိုက်ရသည်.....တော်သေးတာပေါ့ .... ရုံရုံနဲ့ အဲ့အစ်မတို့ မျက်လုံးချင်း အချိန်းအချက်နဲ့ စကားပြောနေကြတာကို ရေနွေးငှဲ့နေသည့် ဦးခေါင်မမြင်လို့.....
ဒီဆိုင်က ရုံရုံ စားနေကျဆိုင်မို့ ဆိုင်က
သူတွေနဲ့က ရင်းနှီးသည်.... ခုဏက ဆိုင်ပိုင်ရှင် အဒေါ်ကြီးသာ အလုပ်တွေရှုပ်နေလို့ မျက်စိမှားပြီး ရုံရုံတို့ကို အတွဲလေးဟု မှားပြောတာဖြစ်သည်.....ဒါပေမဲ့ အဲ့လိုမှားပြောတာလေးကိုပဲ ရုံရုံက
ကျေနပ်နေရတာဖြစ်သည်......"အင့် .... "
ဦးခေါင်က အငွေ့တထောင်းထောင်း ထနေသော ရေနွေးကြွေပန်းကန်လုံးလေးကို ရုံရုံရှေ့လာချပေးသည်.....
"ကျေးဇူးနော်ဦးခေါင် "
ဦးခေါင်က ရုံရုံကို တစ်ချက်မော့ကြည့်ပြီး
ဘာမှမပြောဘဲ ခေါင်းကို ပြန်ငုံ့သွားသည်....