8

4K 187 0
                                    

Beyond the Midnight

💙 Part - 8 💙

သူမကို ဗညားလိုက်ပြီး စကားပြောလို့ စိတ်ညစ်နေသည့်အချိန်တွင် ဘေးမှ ၀ူးခနဲဆိုပြီး ဖြတ်မောင်းသွားသည့် ကားကြောင့် ရုံရုံစိတ်ထဲ ထောင်းခနဲဖြစ်သွားရသည်.....

ကားနံပါတ်ကို သေချာကြည့်လိုက်တော့မှ ဦးခေါင် ကားဖြစ်နေသည်......

"ဟာ ဒီကားမောင်းတဲ့သူက မူးနေတာလား မသိဘူး .... ဒီဘက်မှာ လမ်းကအလွတ်ကြီးကို ရမ်းသမ်းမောင်းနေတော့တာပဲ....  တော်သေးတာပေါ့ လူကို ၀င်မတိုက်တာ...."

ဗညားက ဒေါကြီးမောကြီး ပြောနေပေ
မယ့် ရုံရုံအတွက်တော့ ၀မ်းနည်းစိတ်က လှိုက်ခနဲ တက်လာသည်.....

ဖြည်းဖြည်းမောင်းလဲ ရတဲ့ကိစ္စကို ရုံရုံမှန်းသိနေတာမို့လို့ ဒီလို ကပ်ပြီး မောင်းသွားတာလားဆိုပြီး တွေးမိတော့မျက်ရည်တွေပါ ၀ဲတက်လာရသည်......

အငြင်းခံရပြီးထဲက ရှက်လို့ ဦးခေါင်နဲ့မျက်နှာချင်းမဆိုင်ဘဲ ရှောင်နေခဲ့ပေမယ့် ရင်ထဲမှာ သတိရနေခဲ့တာတော့ နင့်နင့်နဲနဲပါ....

အခုလို စိမ်းစိမ်းကားကား ဆက်ဆံခံရတော့ မျက်ရည်က သူ့အလိုလို ၀ဲတက်လာရသည်.....

ဒါကို အလိုက်မသိသည့် ဗညားက ထပ်ပြီး စကားတွေ လာပြောနေပြန်တာမို့ ဒေါသက ဗညားအပေါ်ပုံကျပြီး လမ်းလယ်ခေါင်ကြီးမှာပဲ ဗညားကို အော်ချလိုက်မိပြီး ရုံရုံ
ဗညားရှေ့ကနေ ပြေးထွက်လာခဲ့သည်....

***

ခေါင်ကားကို အိမ်ရှေ့မှာ ထိုးရပ်ပြီးတာနဲ့
အိမ်ထဲသို့ ခြေလှမ်းကျယ်ကြီးတွေဖြင့် ၀င်လာပြီး မီးဖိုချောင်ရှိ ရေခဲသေတ္တာတံခါးကို အားနဲ့ ဆွဲဖွင့်ကာ အထဲမှ ရေဘူးကိုဆွဲယူပြီး ဖန်ခွက်ထဲသို့တောင် ထည့်မနေတော့ဘဲ ဒီအတိုင်း မော့သောက်ပစ်လိုက်သည်.....

ရေခဲရေအေးအေးတွေက ကိုယ်ထဲ စီးဆင်း သွားပေမယ့်လဲ သူမလေးကို အခြား
ယောကျာ်းတစ်ယောက်နဲ့ တွဲတွေ့လိုက်ရသောကြောင့် ရင်ထဲမှာ ပူလောင်သွားမှုကတော့ နည်းနည်းမှ လျော့မသွားပါ.....

ရေဘူးကို စားပွဲခုံပေါ်တင်လိုက်ပြီး ခေါင်
သက်ပြင်းတစ်ချက် ပင့်ချမိလိုက်သည်.....

💙Beyond the Midnight💙Tempat cerita menjadi hidup. Temukan sekarang