The Thing Called Love 🌹

105 7 0
                                    

Episode 12 [ Season I Final Episode ]

အိမ်ရှေ့ရောက်သည်နဲ့ တစ်ပြိုင်နက် တစ်လမ်းလုံးငိုကြွေးလာခဲ့သောမျက်ရည်များကို တစ်ရှူးစဖြင့် သဲနဒီပြောင်စင်အောင်သုတ်လိုက်သည်
ဒီကောင်လေးနဲ့တွေ့ပြီးမှ အေးချမ်းနေတဲ့သူ့ဘဝသည် တည်ငြိမ်နေသောရေပြင်ကို ကျောက်ခဲဖြင့်ပေါက်လိုက်သကဲ့သို လှိုင်းဂရက်များထန်နေတော့သည်
သို့သော်အပြစ်တော့မဆိုခြင်ပါ တစ်ကယ်ဆို ဒီကိစ္စမှာ သူ့အမှားလဲပါသည်မလား
ခွန်းသအပေါ် လိပ်ပြာသန့်ချင်၍ အမှန်တိုင်းဖွင့်ဟဝန်ခံခဲ့သည်
ထိုသို့ဝန်ခံပြီးလျှင် ဒီကိစ္စတွေ ပြီးသွားလိမ့်မည်ဟုလဲ သူထင်ခဲ့သည်
မိုးထက်ကို ရယူပိုင်ဆိုင်ဖို့ သူမကြိုးစားခဲ့သလို တခြားသူတစ်ယောက်ဆီက လုယူဖို့ကိုလည်းသူစိတ်ပင်မကူးခဲ့ပါ
အခုလို ကိစ္စတွေ ပိုရှုပ်ထွေးလာလိမ့်မည်ဟုလည်း သူမထင်ခဲ့ ဒီနေ့အတွက် ကံဆိုးခြင်းတွေတော်လောက်ပြီ နောက်ဘာဆက်ဖြစ်မည်ကိုလည်း သူဆက်မတွေးခြင်တော့ပါ သေခြာတာတော့ ချစ်စုတစ်ယောက် ဒီလောက်နဲ့ ရပ်မည်မဟုတ်....
ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုသလို သဲနဒီ၏ကံဆိုးမှုများသည် ဒီနေရာမှာ ရပ်တန့်မသွားခဲ့ပါ အိမ်ထဲသို့ဝင်လိုက်သည်နဲ့

" သမီးသဲ ဒီကိုခဏလာဦး "

ဧည့်ခန်းထဲမှ ခေါ်လိုက်သော ဖေဖေ့အသံတွင် ဒေါသသံများဖုံးလွှမ်းနေသည်
ဖေဖေ့ဘေးတွင်ထိုင်နေသော မေမေသည် ခပ်ကုတ်ကုတ်ထကာ ကျွန်မရှိရာသို့လာခေါ်ရင်း တိုးတိုးလေး အကျိုးကြောင်းကပ်ရှင်းပြနေတော့သည်

" သမီး အမေတောင်းပန်တယ် အမေလည်းပြောဖို့မရည်ရွယ်ပါဘူး ဒီရက်ပိုင်း ရှမ်းခေါက်ဆွဲပဲဝယ်နေတဲ့အကြောင်းမေးလို့ ပြောရင်း လွှတ်ကနဲ ထွက်မိသွားတာ "

" သိမ့်သိမ့် မင်းသမီးနားကပ်ပြီး ဘာမှပြောမနေနဲ့ ဒီကိစ္စ မင်းလဲ ကြံရာပါပဲ "

" ကျွန်မ သမီးကို အတင်းဆူမယ်မကြံနဲ့နော် ကျွန်မပြောတဲ့အတိုင်းပဲ အဲ့ကောင်လေးက ကျွန်မသူငယ်ချင်းသား ကျွန်မစိတ်ချလို့ ဘာမှမပြောတာ "

" မင်းစိတ်ချပေမဲ့ ငါစိတ်မချဘူး ငါတို့သမီးက အခုမှငယ်ငယ်လေးရှိသေးတာ ဒီခေတ်က ပညာတတ်မှ လူရာဝင်တာ ပညာရှာချိန် ပညာမရှာပဲ ဒါတွေနဲ့ အချိန်ကုန်နေရင် နောက် ဒုက္ခရောက်မှာပေါ့ "

The Thing Called Love 🌹[ Season 1 ]Where stories live. Discover now