Part 11 ( ZG )

10.9K 565 5
                                    

ဝိုင်(Y)

Part 11

Zawgyi

"မောင် , သန်ဘက်ခါ သွေး ကသူ့မေမေဆုံးတာ ဆယ့်တစ်နှစ်ပြည့် မို့ အိမ်မှာ ဘုန်ကြီးဆွမ်းကပ်မယ် တဲ့ ၊ ငါတို့ကိုဆက်ဆက်လာဖြစ်အောင်လာဖို့ ဖုန်းဆက်တယ် "

မိုးထက် , အလုပ်ခန်းထဲတွင် Laptop တစ်လုံးဖြင့်အလုပ်ရှုပ်နေသော မောင့် ထံသို့ Coffee ပူပူလေးတစ်ခွက်ဖျော်ကာလာရင်း စကားဆိုလိုက်သည် ။

"အင်း ထက် သွားကြမယ်လေ ၊ ဖိုးဖိုး နဲ့ မဆုံတာလည်းကြာပြီ ၊ မောင့် ထက်လေးကအလိုက်သိလိုက်တာကွာ အဲ့တာကြောင့် မောင် ကမလျော့သော အချစ်တွေနဲ့ ချစ်ပြီးရင် ချစ်နေရတာ "

စားပွဲပေါ် သို့မိမိကြိုက်သော coffee လေးအား ချပေးလာသော ချစ်ရသူ၏ ခါးသိမ်သိမ်လေးကိုဖက်ကာ ရင်ခွင်ထဲသို့ တိုးဝင်ရင် သော်ကစကားဆိုလိုက်တော့ ထက် ကလည်း ဆံပင်လေးတွေ ဖွကာ နဖူးလေးအား ပြန်၍နမ်းရှိုက်လာ၏ ။

"ဒါနဲ့ ..ငသွေး အယောင်ဆောင်ခိုင်းတဲ့ ကောင်လေးကော လာမှာပေါ့ "

"အင်း လာမှာပေါ့ ဖိုးဖိုးကခေါ်လာခိုင်းတယ်တဲ့လေ..အခုလည်း ကောင်လေး အတွက် အဝတ်အစားပါ စီစဉ်ဖို့ပြောလာတယ် "

________________

ဝိုင် , ဦးသွေး ၏အကူအညီတောင်းမှု့ကြောင့် နောက်ထပ်တစ်ကြိမ် ဖိုးဖိုး နှင့်ဆုံဖို့ရာ ရတီလေးကို ကျောင်းလိုက်ပို့ပြီးတာနှင့် ကိုမိုးထက် ၏ Fashion ဆိုင်သို့ထွက်လာခဲ့တော့သည် ။

"လာ ညီလေး ''

သော်က , ထက် ကိုစောင့်ပြီး တစ်ခါတည်းသွားရန် ဆိုင်မှာပင် သတင်းစာဖတ်၍ ထိုင်စောင့်နေတုန်း ထက်လှမ်းခေါ်လိုက်သည့် မှန်တံခါးဝမှ ဝင်လာသော ဖြူလွှလွှ ပုံရိပ်လေး ။ မြင်ဖူးနေသည် မို့ ဦးနှောက်ကိုအလုပ်ပေးကာ ထပ်မံ စဉ်းစားလိုက်တော့ Club တွင် ကူညီပေးခဲ့ဖူးသောတစ်ယောက်ဖြစ်နေသည် ။ရိုးရိုး တီရှပ် အဖြူ လေးနှင့် ဂျင်းဘောင်းဘီရှည်လေးသာ ဝတ်ဆင်ထားသော ထိုကောင်လေးသည် ဖြူဖြူသန့်သန့်လေးနှင့် လူရည်မွန် လေးပုံပေါ်သည် ။

"မင်းပါရောက်နေတာလား "

သိပ်မကြာပါ..သွေး ကပါရောက်လာခဲ့ပြီး သော်က အားမေးလာ၏..။

ဝိုင် ( Y ) [Completed]Where stories live. Discover now