ဝိုင်(Y)
Part 10
Unicode
" ညီ , အဆင်ရောပြေရဲ့လား ခုဘယ်မှာနေနေကြလဲ "
ရှိုင်း အလုပ်ကိစ္စဖြင့် မန္တလေးကို သုံးရက်ကြာသွားပြီး ပြန်လာတော့ ကြားလိုက်ရတဲ့သတင်းကြောင့် Company ရောက်ရောက်ခြင်းပင် ဝိုင် ရှိရာ Design Dept ဘက်သို့ထွက်လာပြီးမေးမြန်းဖြစ်သည် ။
"ဟုတ် အခုလောလောဆယ်တော့ CEO စီစဥ်ပေးထားတဲ့ နေရာမှာနေဖြစ်ကြပါတယ် ၊ အဆင်လည်းပြေပါတယ်ဗျ "
" ကောင်းပြီလေ..ကိုယ့် အကူအညီလိုလည်းပြောပါ အားမနာနဲ့ "
"ဟုတ်ကဲ့ "
.
.
ဝိုင် , ညနေရုံးဆင်းသည်နှင့် Ferry နဲ့မလိုက်နိုင်တော့ဘဲ ရတီ တို့အတန်းပိုင်ဆရာမ နေအိမ်သို့သာထွက်လာခဲ့သည် ။"တင်းတောင် တင်းတောင် "
ခြံရှေ့ရှိလူခေါ်ဘဲလ်လေးကို နှိပ်ကာ မတ်တပ်ရပ်ပြီးစောင့်နေလိုက်သည် ။ ခဏကြာတော့ ခြံစောင့်ဖြစ်ဟန်တူသော အမျိုးသားတစ်ဦးမှ ခြံတံခါးလာဖွင့်ပေး၏ ။
" ဆရာမဒေါ်ပိုးဖြူချည် တို့အိမ်ပါလားခင်ဗျ "
"ဟုတ်ပါတယ် မောင်ရင် ၊ အထဲဝင်ပါ မမလေးကမှာထားပါတယ် ကလေးကိုလူငယ်တစ်ယောက် လာကြိုမယ်တဲ့ "
"ဟုတ်ကဲ့ "
ဝိုင် , လည်း ထိုခြံစောင့် အမျိုးသားခေါ်ရာ နှစ်ထပ်အိမ်ထဲသို့ အနောက်မှ လျှောက်ကာဝင်လာလိုက်သည် ။
"ထိုင်ပါအုံးကွယ် ၊ သား ညီမလေးက သူ့ဆရာမနဲ့ စာလုပ်နေကြတယ်ကွဲ့ "
"ဟုတ်ကဲ့အန်တီ "
အိမ်ထဲရောက်တော့ အသက် ငါးဆယ်အရွယ် အမျိုးသမီးတစ်ဦး မှ ဧည့်ခံလာ၍ ဝိုင်လည်း အလိုက်သင့်နှုတ်ဆက်ကာ ရတီလေးထွက်အလာကိုထိုင်စောင့်နေလိုက်သည် ။သိပ်မကြာပါဘူး ကျောပိုးအိတ်လေးလွယ်ကာ ဆွဲခြင်းလေးဆွဲလျက် သူ၏ဆရာမနှင့်အတူ လှေကားမှဆင်းလာကြသည် ။
"ကျေးဇူးတင်ပါတယ် ဆရာမ ၊ ကျွန်တော်တို့မောင်နှမနှစ်ယောက်ကြောင့်အလုပ်ရှုပ်စေပြီ "
"ရပါတယ်ရှင် ၊ ရတီလေးကကျွန်မစာသင်တဲ့ကလေးတွေထဲမှာ ဉာဏ်ကောင်းပြီး လိမ္မာရေးခြားအရှိဆုံးပဲ "
ESTÁS LEYENDO
ဝိုင် ( Y ) [Completed]
RomanceUnicode အသက်သုံးဆယ်အရွယ် CEO နေသစ်သွေး နှင့် ဆယ့်ရှစ်နှစ်အရွယ် အချိန်ပိုင်းအလုပ်သမားလေး နှစ်သစ်ဝိုင် တို့ အမှတ်မထင်ဆုံစည်းမိရာမှ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲပေါ့နော် ❤️❤️❤️ နေသစ်သွေး နှစ်သစ်ဝိုင် Cover Artist : SUYI 𝓢𝓽𝓪𝓻𝓽 20 𝓜𝓪𝔂 2021 𝓔𝓷𝓭 5 𝓐�...