ပတ်ဝန်းကျင်မှာ သွားလာလှုပ်ရှားမှုတွေငြိမ်သက်နေတဲ့ ဆောင်းရာသီရဲ့မနက်ခင်းဝေလီဝေလင်းတစ်ခုမှာ အမှုဖိုင်တွဲတွေကြားငိုက်မြည်းနေတဲ့ အမှုစစ်အချို့နဲ့ စားပွဲပေါ်ခြေထောက်ဆန့်တင်ကာ မျက်နှာပေါ်စာရွက်အုပ်အိပ်နေတဲ့ ရဲဝန်ထမ်းတစ်ချို့က ကျယ်ကျယ်လောင်လောင်မြည်လာတဲ့ဖုန်းခေါ်ဆိုမှု တစ်ခုကြောင့် ပြာယာခက်သွားကြတယ်။
"ဟဲလို 119 ကလားမသိဘူး....ကယ် ကယ်ကြပါဦး ယူမီ ယူမီ့ကိုခေါ်လို့မရတော့လို့ ကယ်ကြပါဦး"
"ဟဲလို ကျောင်းသား စိတ်အေးအေးထားနော် အခုဖြစ်နေတဲ့အခြေအနေကိုပြောပြပေးပါ ပြီးရင်တည်နေရာနဲ့အနေအထားကိုသေချာလေးပြောပြပေးပါ"
ရှိုက်သံတစ်ဝက်ရောနေတဲ့ ကျောင်းသားလေးရဲ့ ဖုန်းကောလ်ကို အမှုစစ်ဟွမ်က စိတ်အေးအေးထားပြီး မှုခင်းတည်နေရာရဲ့အချက်အလက်ကို ချိုချိုသာသာတောင်းခံသည်။
"ဒီ...ဒီနေရာက တိုက်အမှတ်8 ယုံဟွာလမ်း....ယူမီ့ကို ကယ်ပါဦး သူ သူ ခေါ်လို့မရတော့ဘူး"
"တိုင်ကြားချက်ကိုစားရင်းသွင်းပြီးပါပြီကျောင်းသား စိတ်အေးအေးထားပြီး အမှုဖြစ်တဲ့နေရာမှာ ခြေရာလက်ရာမပျက်စေဘဲ စောင့်ကြည့်ထားပေးပါ အနည်းဆုံးစခန်းက တာဝန်ရှိသူတွေ ၁၀ မိနစ်အတွင်းရောက်ပါလိမ့်မယ်"
အမှုစစ်ဟွမ်လည်း ဆေးအဖွဲ့ကိုလှမ်းအကြောင်းကြားကာ မိမိအဖွဲ့ကိုခေါ်ပြီး တိုင်ကြားချက်ရထားတဲ့ အမှုခင်းဖြစ်တဲ့နေရာကို အချိန်တိုတိုနဲ့ရောက်အောင်သွားရတော့သည်။
ဆောင်းလေညှင်းသွေးတဲ့ မနက်စောစောမှာ Emergency alarm နီနီတပ်ထားတဲ့ ဘင်ကားအနက်ရောင်နှစ်စီးနှင့် ရဲတပ်ဖွဲ့တံဆိပ်ပါကားငယ်တစ်စီးက လမ်းမကြီးပေါ်မှာအလျှင်နဲ့မောင်းနှင်နေကြပြီး ပတ်ဝန်းကျင်ကိုအနည်းငယ် ထိတ်လန့်စေသည်။
အခင်းဖြစ်ပွားရာတိုက်အနီးတစ်ဝိုက်ကို အဝါနဲ့အနက်ကျား caution တိပ်ခွေတွေသုံးကာ ရဲဝန်ထမ်းအချို့နဲ့ ကန့်သက်တားမြစ်လိုက်ပြီး လက်အိတ်ကိုဝတ်ဆင်ကြကာ မှုခင်းအဖွဲ့ကဦးဆောင်ပြီး အခင်းဖြစ်ပွားရာနေရာကိုစတင်ဝင်ရောက်သည်။
YOU ARE READING
A life behind the sence
FanfictionWords 10000 project ✅Unicode ✅Zawgyi 614 days special.