Eleventh🌻🍂

1.1K 211 30
                                    

Unicode







မျက်စိတစ်ဆုံးမြင်နေရတာက နေကြာပန်းတွေချည်းဖုံးလွှမ်းနေတဲ့ အဝါရောင်​တောက်တောက်ပန်းခင်းကြီးတစ်ခု။


ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိပေမဲ့ သူကိုယ်တိုင်လည်း ဒီပန်းခင်းထဲမှာတသားတည်းဖြစ်နေသလိုခံစားရသည်။


ကောင်းကင်ပေါ်မှာ အစွမ်းကုန်လင်းလက်နေသောနေမင်းကြီးကို အခြားနေကြာပန်းတွေနည်းတူ မော့ကြည့်မိတော့ ပျော်ရွှင်ပေါ့ပါးလာတဲ့စိတ်အစဉ်ကဘာနဲ့မှမလဲနိုင်။


နေကြာပန်းတွေကမျှော်ကြည့်ရတဲ့အလုပ်ကိုဘာလို့သဘောကျတာလဲဆိုတာ ရုတ်တရက်နားလည်သွားတဲ့ခံစားချက်။

မျှော်ကြည့်နေရုံနဲ့တင် ပျော်ရွှင်မှုကိုခံစားစေနိုင်တဲ့အရာမို့ မျှော်ကြည့်နေရတာကို ဘယ်တော့မှပင်ပန်းတယ်လို့မထင်ရက်နိုင်တာ။

ငေးကြည့်ရတဲ့ဘဝဆိုပေမဲ့ သိမ်ငယ်စိတ်တစိုးတစိမှမရှိပဲ ကျေနပ်မှူအတိဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဒီအခိုက်အတန့်က ထာဝရမြဲနေမယ်ဆိုရင်တောင် ကျေကျေနပ်နပ်လက်ခံမိလိမ့်မယ်ထင်တယ်။



ကိုယ့်ကိုယ်ကို နေကြာပန်းတစ်ပွင့်ဖြစ်ကြောင်း အတည်ပြုလက်ခံလိုက်ပြီးတဲ့နောက်မှာပဲ
ခဏမဆိုင်းအချိန်လေးအတွင်းမှာရုတ်တရက် မှောင်မဲလာတဲ့ပတ်ဝန်းကျင်။

နူးနူးညံ့ညံ့တိုက်ခက်နေခဲ့တဲ့လေပြည်ညင်းတွေနဲ့အတူ တောက်ပနေခဲ့တဲ့နေမင်းက အားအင်တွေယုတ်လျော့သွားသလိုမျိုး

ဖြာကျနေခဲ့တဲ့နေရာင်ခြည်တွေဟာ ရုတ်တရက်ဆန်စွာ ပျောက်ကွယ်သွားပြီး ပြင်းထန်တဲ့လေမုန်တိုင်းတစ်ခုက အစားထိုးဝင်ရောက်လာသည်။


ဘာတွေဖြစ်သွားတာလဲ

တမဟုတ်ချင်း တောက်ပနေခဲ့တဲ့နေမင်းဟာ မျက်စိရှေ့မှာပဲ နေရောင်ခြည်တွေမဖြာနိုင်ပဲဖြစ်သွားတော့ သူ့ခမျာပြူးပြူးပြာပြာ။


မဖြစ်ဘူးလေ ဒီနေရောင်ခြည်တွေနဲ့ သူပျော်နေခဲ့တာ။

ဒီလိုပျောက်ကွယ်သွားလို့မဖြစ်ဘူး။


His Majesty's Blond|SUNKIМесто, где живут истории. Откройте их для себя